Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
နမ္မတူတွင် မဲဆန္ဒရှင်အမည်စာရင်းများ ပထမအကြိမ်ကပ်ထားကြေညာဆောင်ရွက်ထားရှိမှုအား ပြည်သူများ က လာရောက်ကြည့်ရှုပြီး အချက်အလက်မှန်ကန်စေရေး ပြင်ဆင်လျှောက်ထား…
Aug 05,2020
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြို့နယ်ကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်များက ရပ်ကွက်/ ကျေးရွာများအလိုက် ဇူလိုင်လ (၂၅)ရက်နေ့မှ ဩဂုတ်လ (၇)ရက်နေ့အထိ မဲဆန္ဒရှင်အမည်စာရင်းများ ပထမ အကြိမ်ကပ်ထားကြေညာ ဆောင်ရွက်ထားရှိမှုအား ပြည်သူများက လာရောက်ကြည့်ရှုပြီး အချက်အလက် မှန်ကန်စေရေး ပြင်ဆင်လျှောက်ထားလျက် ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီး ထီးလင်းမြို့တွင် အခြေခံမဲဆန္ဒရှင်စာရင်း၌ အချက်အလက်များမှန်ကန်မှုရှိစေရေး ပြည်သူများလာရောက်ကြည့်ရှု
Aug 05,2020
၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့်အထွေထွေရွေးကောက်ပွဲ အတွက် အခြေခံမဲ ဆန္ဒရှင်စာရင်းများကို ထီးလင်းမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအသီးသီး၌ ကပ်ထားကြေညာလျက်ရှိရာ မဲစာရင်းများ၌ အချက် အလက်များ ပြည့်စုံမှန်ကန်မှုရှိစေရေးအတွက် ပြည်သူများက လာရောက်ကြည့်ရှုပြီး ပြင်ဆင်ရန် လိုအပ်သည့် အချက်များအား ပြင်ဆင်လျှောက်ထားလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရေနံချောင်းမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ချောင်းဆုံကွန်ကရစ်တံတားချဉ်းကပ်လမ်း ပျက်စီး
Aug 05,2020
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ယမန်နေ့က မိုးသည်းထန်စွာရွာသွန်းပြီး ချောင်းရေ တိုက်စားမှုကြောင့် ချောင်းဆုံကျေးရွာ အရှေ့မြောက်ဘက်ရှိ ကွန်ကရစ်တံတား ချဉ်းကပ်များ ပျက်စီးခဲ့ပြီး နတ်ကန် ဦးကျေးရွာနှင့် အုတ်ရှစ်ကုန်းကျေးရွာအကြား ချောင်းရေလျှံတက်မှုကြောင့် နေအိမ်နှစ်လုံး၊ လမ်းလုပ်သားများ၏ ယာယီတဲများ ရေဝင်ရောက်ခဲ့ပြီး ဝက်တစ်ကောင်နှင့် လက်ကိုင်ဖုန်းသုံးလုံး မျှောပါသွားခဲ့ကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီး သရက်မြို့နယ်အတွင်းရှိ ရေဘေးရှောင်အိမ်ထောင်စုများအား ရိက္ခာဖိုးထောက်ပံ့ငွေပေးအပ်
Aug 05,2020
မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ ဧရာဝတီမြစ်ရေမြင့် တက်မှုကြောင့် ရေဝင် ရောက်သည့် ရေဘေးရှောင်အိမ်ထောင်စု (၈၆) စုအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ ပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက လေးထပ်ကျောင်း၊ စံပုံတင်ကျောင်းနှင့် ထုံးတောင်ကျောင်းတို့ တွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရေနံချောင်းမြို့နယ် ဝက်လွတ်ကျေးရွာတွင် ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် အ.ထ.က ကျောင်း ယာယီပိတ်ထားရ
Aug 05,2020
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ဝက်လွတ်ကျေးရွာအုပ်စု ဝက်လွတ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် ဆရာ/ ဆရာမ များနှင့် ကျောင်းသား/သူများ ဘေးအန္တရာယ် ကင်းရှင်းစေရန်အတွက် ယမန်နေ့က စတင်၍ ယာယီပိတ်ထားရကြောင်း မြို့နယ်ပညာ ရေးမှူးရုံးမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့တွင် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေဖြင့် လမ်းတံတားများ အကောင်အထည်ဖော်ဆောင်ရွက်
Aug 05,2020
၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရရန်ပုံငွေဖြင့် ရေဦးမြို့ဗိုလ်အောင်ဇေယျရပ်ကွက် လမ်းသွယ် (၅) ရေဆိုးချောင်း ( အကျယ်၂၀ ပေ၊ ထု- ၀ ဒသမ ၆ လက်မ၊ အမြင့် ၇ ပေ ၃ လက်မ )တံတားနှင့် အရှည် ၁၂၀၀ ပေ၊ အကျယ် ၁၄ ပေ၊ ထု ၁ ဒသမ ၅ လက်မ) မြေသားတင် ဂျင်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျှက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့နယ်အတွင်းရှိ ယာဉ်မတော်တဆ မကြာခဏဖြစ်ပွားသည့် မဟာရွှေသိမ်တော်ဆုတောင်းပြည့်ဘုရား ဝင်ပေါက်အနီး ရန်ကုန်-မန္တလေးကားလမ်းတွင် ယာဉ်စည်းကမ်း၊ လမ်း…
Aug 05,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ယာဉ်မတော်တဆအဖြစ်များသည့် မဟာရွှေသိမ်တော်ဘုရားဝင်ပေါက်အတွက် ရန်ကုန်-မန္တလေးကားလမ်းမကြီးတွင် အမှတ် (၉၂) ယာဉ်ထိန်းတပ်ဖွဲ့စုမှ တပ်ဖွဲ့စုမှူး ရဲအုပ်ကျော်စိုးလွင်နှင့် ဝန်ထမ်းများသည် ယမန်နေ့ မွန်းလွဲ (၁) နာရီက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာမှုအားနည်းသူများအား အရေးယူမှုမရှိဘဲ ပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေဘိုခရိုင်၊ ကျောက်မြောင်းမြို့တွင် သဘာဝဘေးကြောင့်သီးနှံပျက်စီးဆုံးရှုံးခဲ့သည့်တောင်သူများအား ထောက်ပံ့ငွေပေးအပ်
Aug 05,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကျောက်မြောင်းမြို့တွင်(၂၀၁၈-၂၀၁၉)ခုနှစ် မိုးလို၊မိုးခေါင်သဘာဝဘေး အန္တရာယ် ကျရောက်မှုကြောင့်သီးနှံများပျက်စီး ဆုံးရှုံးခဲ့သည့်တောင်သူများအားထောက်ပံ့ငွေပေးအပ် ခြင်းကို ယနေ့နံနက် ၈နာရီ အချိန်မှ စတင်ပြီးတောင်သူများလက်ဝယ်အရောက်ထောက်ပံ့ပေးခြင်းများပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
27203
Page
27204
Page
27205
Page
27206
Current page
27207
Page
27208
Page
27209
Page
27210
Page
27211
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department