စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့တွင် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေဖြင့် လမ်းတံတားများ အကောင်အထည်ဖော်ဆောင်ရွက်

ရေဦး ဩဂုတ် ၅

၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေဖြင့် ရေဦးမြို့ ဗိုလ်အောင်ဇေယျရပ်ကွက် လမ်းသွယ်(၅) ရေဆိုးချောင်း‌ ( အကျယ် ၂၀ ပေ၊ ထု- ၀ ဒသမ ၆ လက်မ၊ အမြင့် ၇ ပေ ၃ လက်မ )တံတားနှင့် အရှည် ၁၂၀၀ ပေ၊ အကျယ် ၁၄ ပေ၊ ထု ၁ ဒသမ ၅ လက်မ) မြေသားတင် ဂျင်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

လမ်းတံတားဆောက်လုပ်ရာတွင် လုပ်ငန်းနှစ်ခုအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေကျပ်စုစုပေါင်း( ၇ ဒသမ ၅၀၀ သန်း ) ဖြင့် ရေဦးမြို့နယ် စည်ပင်သာယာရေးကော်မတီမှ တာ၀န်ယူ၍ လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

သန်းထိုက် (ရေဦး)