အမြို့မြို့အနယ်နယ်သတင်းများ

Jul 31,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းပိုင်းခရိုင်၊ ဒဂုံမြိုသစ်(မြောက်ပိုင်း)မြို့နယ်၌ လတ်တ လောတွင် ကူးစက်မှု လျင်မြန်စွာဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါတတိယလှိုင်းတွင် ကူးစက်ခံရမှုကြောင့် အောက်ဆီဂျင်လိုအပ်မှုများကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရေးအတွက် အောက်ဆီဂျင်အိုးများ အခမဲ့ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။
Jul 31,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင်ဝါးခယ်မပြည်သူ့ဆေးရုံ၊ ရွှေလောင်း တိုက်နယ်ဆေးရုံနှင့် ကျွန်းကုန်းကျေးရွာ/အုပ်စု  ကျေးလက်ကျန်းမာရေးဌာနသို့    မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ယနေ့နံနက်၅:၄၀နာရီခန့်က အောက်စီဂျင်အိုး (၄၀)လီတာ (၃၆)လုံးလှူဒါန်းခဲ့ကြောင်း သိရသည်။
Jul 31,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်ရှိ အ-ထ-က(လှည်းကူး)တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးရန်ကျန်ရှိသည့် ကျန်းမာရေးဝန်ထမ်းများနှင့် Volunteer များကို တရုတ်နိုင်ငံထုတ် ကိုဗစ်၁၉ရောဂါကာကွယ်ဆေး  Sinopharm ပထမကြိမ် ထိုးနှံပေးနေမှုများကို ယမန်နေ့ မွန်းလွဲ ၁ နာရီ ခွဲက ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဦးလှစိုး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် ကောင်စီအဖွဲ့ဝင်များ၊ တာဝန်ရှိသူများက လာရောက် ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။
Jul 31,2021
ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ ဒေါက်တာ အောင်ကျော်မင်းသည် အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူးတို့နှင့်အတူ ယနေ့နံနက်ပိုင်းက တောင်ကုတ်မြို့ပေါ်မှ ဆရာတော်ကြီးများအား ဖူးမြော်ပြီး တောင်ကုတ်ဒေသခံပြည်သူများ၊ လူမှုရေး အဖွဲ့အစည်းများနှင့်တွေ့ဆုံသည်။
Jul 31,2021
ရှမ်းပြည်နယ်တောင်ပိုင်း ၊ နမ့်စန်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးလုံးဝ မထိုး ရသေးသည့် အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံခြင်းကို ယမန်နေ့နံနက် ၁၀  နာရီက မြို့မအခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၂)ရပ်ကွက် ဓမ္မာရုံတို့တွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Jul 31,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီက မြို့နယ်ပြည်သူ့ဆေးရုံနှင့် ကိုဗစ်စင်တာများအတွက် နေ့လည်စာ ထမင်းဘူးများနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က အောက်စီဂျင်အိုးများနှင့် PPE ဝတ်စုံတို့ကို ယမန်နေ့နံနက် ၁၁ နာရီ ခွဲအချိန်ခန့်တွင် မြို့နယ်ပြည်သူ့ဆေးရုံနှင့် ကိုဗစ်စင်တာများသို့ သွားရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။
Jul 31,2021
   တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင်ကော့သောင်းမြို့နယ်တွင် အသက်(၆၅)နှစ် အထက် သက်ကြီးရွယ်အိုများအား  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ယမန်နေ့ နံနက်(၁၁) နာရီက  ကော့သောင်းမြို့၊ ဘိုးဘွားရိပ်သာ၌ စတင်ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။