အမြို့မြို့အနယ်နယ်သတင်းများ

Jul 31,2021
ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ်အတွင်းရှိ အသက်(၆၅)နှစ်အထက် အဖိုးအဖွားများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးခြင်းကို ယနေ့ နံနက်၁၀ နာရီအချိန်မှစ၍ (၄)နေရာခွဲကာ ကျေးရွာများအရောက် ကွင်းဆင်း ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Jul 31,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် အသက်(၆၅)နှစ်နှင့်အထက်သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို၊ ယနေ့ နံနက်(၈)နာရီမှစတင်၍ ဆေးထိုးစုရပ်နေရာ(၂)နေရာခွဲကာ စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Jul 31,2021

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် အနော်ရထာခန်းမတွင် ယနေ့နံနက် ၉နာရီက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးမထိုးနှံရသေးသည့် အသက် ၆၅နှစ်အထက် သက်ကြီးရွယ်အိုများအား လူမျိုးဘာသာမရွေး ထိုးနှံပေးလျက်ရှိကြောင်း ညောင်ဦးခရိုင် စီမံအုပ်ချုပ်မှုအဖွဲ့ ဥက္ကဋ္ဌ ဦးတိုးလွင်က ပြောကြားသည်။

Jul 31,2021
 ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ် ချောင်ကြီးကျေးရွာအခြေခံပညာအထက်တန်းကျောင်းတွင် အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယနေ့အဖြစ် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
Jul 31,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့ပေါ်(၆)ရပ်ကွက်နေပြည်သူများအား ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက်  ယနေ့ နံနက်(၉)နာရီအချိန်ခန့်တွင် အမှတ်(၁)ရပ်ကွက်တွင်ရှိသည့် နမ့်ခုံးရှမ်းများပရဟိတခန်းမ၌ ကျန်းမာရေးဝန်ထမ်းများတို့က အသက်(၆၅)နှစ်နှင့်အထက် ဘိုးဘွားများအား ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်းသိရသည်။
Jul 31,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့တွင် အသက်၁၈နှစ်နှင့်အထက်ပြည်သူများနှင့်  ကိုဗစ်-၁၉ကာ ကွယ်ဆေးထိုးနှံရန်ကျန်ရှိနေသော ပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများကို ယနေ့နံနက်၉နာရီအချိန်မှစတင်၍တုံတာမြို့တိုက်နယ်ဆေးရုံတွင် ကိုဗစ်-၁၉ကာကွယ်ဆေး (Sinopharm) ကို ဆက်လက်ထိုးနှံပေးလျက်ရှိသည်။