ကော့ကရိတ် မတ် ၅
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်မီးသတ်ဦးစီးဌာနသည် တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသူ၊ ကျောင်းသား စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနိုင်ရေး၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် စာစစ်ဌာနများသို့ ယမန်နေ့နံနက် ၁၀ နာရီအချိန်တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့ကွင်းဆင်းကြည့်ရှုရာတွင် ခရိုင်မီးသတ်ဦးစီးမှူး ဦးစောလှထွန်းစံနှင့် တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများသည် ကော့ကရိတ်မြို့ပေါ်ရှိ တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် အခြေခံပညာအထက်တန်းကျောင်း အထက(၁)၊ အထက(၂)ကျောင်းသို့သွားရောက်၍ မီးချိတ်မီးကတ်၊ သဲပုံးရေပုံး၊ မီးသတ်ဆေးဗူးနှင့် မီးပလပ်ခုံများ ဆောင်ရွက်ထားရှိမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို အကြံပြုဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ခင်မျိုးဝင်း (ခရိုင်ပြန်ဆက်)