ခိုင်ကမ်းမြို့တွင် ပြည်သူ့စကားဝိုင်းကျင်းပ

ခိုင်ကမ်း မတ် ၅

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခိုင်ကမ်းမြို့ရုံးနှင့်ဌာနဆိုင်ရာများ ပူးပေါင်း၍ ကိုရိုနာဗိုင်းရပ်စ် ရောဂါကြိုတင်ကာကွယ်ရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကို ယနေ့ နံနက် ၉ နာရီအချိန်က ခိုင်ကမ်းမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

စကားဝိုင်းတွင် မြို့အုပ်ချုပ်ရေးမှူးက အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်ဝုန်လွန်းညောင်မှ စကားဝိုင်းများပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ကြပြီးနောက် တီးတိန်မြို့နယ် ပြည်သူ့ဆေးရုံ ဆေးရုံအုပ်ကြီးဒေါက်တာ ဇော်မြင့်နိုင်မှ လတ်တစ်လော ကမ္ဘာတစ်လွှားတွင် ဖြစ်ပွားနေသည့် COVIC-19 ရောဂါအကြောင်းသိကောင်းစရာများနှင့် ရောဂါမဖြစ်ပွားစေရေး ကြိုတင်ကာကွယ်ရေးသိကောင်းစရာများ ဆွေးနွေးခဲ့သည်။

ဆက်လက်၍ တက်ရောက်လာသည့် ဌာနဆိုင်ရာများနှင့် မိဘပြည်သူများက သိရှိလိုသည်များမေးမြန်းခဲ့ကြပြီး ဒေါက်တာဇော်မင်းနိုင်မှ ပြန်လည်ရှင်းလင်းကာ ဆွေးနွေးခဲ့သည်။

ဝုန်လွန်းညောင်(ခိုင်ကမ်း)