အမြို့မြို့အနယ်နယ်သတင်းများ

Aug 01,2021
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ဇမိမြစ်အတွင်း၌ ယမန်နေ့မွန်းလွဲ (၁)နာရီကျော်ခန့်အချိန်က စက်လှေတစ်စင်းတိမ်းမှောက်နေကြောင်း တွေ့ရှိသူများ၏ အသိပေး အကြောင်းကြားလာမှုကြောင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်ကြက်ခြေနီအသင်းမှ တပ်ဖွဲ့ဝင်များက စက်လှေဖြင့် အချိန်မီသွားရောက်ပြီး ကူညီကယ်ဆယ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
Aug 01,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ပြည်သူ့ဆေးရုံ  တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးအတွက် လိုအပ်သော အောက်ဆီဂျင်စက် ၀ယ်ယူရန်အလှူငွေများနှင့် လိုအပ်သည့်ပစ္စည်းများ၀ယ်ယူရန်အတွက် အလှူငွေများကို ယမန်နေ့မွန်းလွဲပိုင်းတွင် အလှူရှင်များက လာရောက်လှူဒါန်းခဲ့ကြသည်။
Aug 01,2021
ကချင်ပြည်နယ်၊ပူတာအိုခရိုင်၊မချမ်းဘော့မြို့၌  Quarantine Centre အတွက် ရေမြုပ်မော်တာနှင့် အာဟာရဖြစ်စေသည့် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းခြင်းကို ယမနေ့မွန်းလွဲ ၁ နာရီအချိန် မချမ်းဘော့မြို့ အခြေခံပညာအထက်တန်းကျောင်း Quarantine Centre တွင် ပေးအပ်လှူဒါန်းခဲ့သည်။
Aug 01,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့ပေါ်(၄)ရပ်ကွက်နှင့်ပန်စွဲ၊ နားစံ ကျေးရွာနေ အသက်၆၅နှစ်နှင့်အထက်ဘိုးဘွားများအားယနေ့ နံနက်(၉)နာရီအချိန်ခန့်မှစ၍ အမှတ်(၁)ရပ်ကွက်ရှိ တရုတ်ဘုံခန်းမ၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinopharm)ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
Aug 01,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် အသက်(၆၅)နှစ်နှင့် အထက် အသက်အရွယ် ကြီးရင့်သူများအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို  ယနေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ၌ စတင်ထိုးနှံပေးလျက်ရှိသည်။
Aug 01,2021
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တွင် မြို့နယ်ကျန်းမာ‌ရေးဦးစီးဌာနက ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူများကို ပြည်သူ့ဆေးရုံ၊ အမှတ်(၇) ရပ်ကွက် ပြည်တော်သာ အိုးအိမ်ဝန်ထမ်းအိမ်ရာသစ်၊ အ.ထ.က မင်းလှ မြို့ပြင်ကျောင်း၊ စစ်ကွင်းတိုက်နယ်ဆေးရုံ၊ အ.ထ.က စစ်ကွင်းကျောင်းတို့တွင် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က ကျန်းမာရေးကောင်းမွန်သူ (၇၀)ဦးကို နေအိမ်ပြန့်ခွင့်ပြုခဲ့ကြောင်း သိရသည်။