အမြို့မြို့အနယ်နယ်သတင်းများ

Aug 01,2021
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင် အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အိုများ၊ ပင်စင်စားဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကာကွယ်ဆေး မထိုးရသေးသည့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ယမန်နေ့နံနက်(၁၀)နာရီက ပြည်သူ့ကျန်းမာရေးစင်တာ၌ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ပြည်ကြီးမဏ္ဍိုင်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Aug 01,2021
ရခိုင်ပြည်နယ် ဂွမြို့နယ်တွင် အောက်ဆီဂျင်စက်ရုံ တည်ဆောက်နိုင်ရန်အတွက် မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများနှင့် မိသားစုများ၊ ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများမှ စုပေါင်း၍ မြို့နယ်အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရေးအဖွဲ့သို့ အလှူငွေကျပ်(၁၂)သိန်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ခန်းမ၌ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
Aug 01,2021
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေး အတွက် ကိုဗစ်-၁၉ ကာကွယ်ဆေး မထိုးနှံရသေးသည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုနှင့်အသက်(၆၅)နှစ် အထက် ပြည်သူများအား ကာကွယ်ဆေး ဆက်လက်ထိုးနှံခြင်း ကို ယမန်နေ့နံနက် ၉ နာရီမှ ၁၂ နာရီထိ၊ နေ့လယ် ၂ နာရီမှ ၄ နာရီအချိန်ထိ ပုဏ္ဏားကျွန်းမြို့၊ လောကမာရဇိန်ဘုရားကြီးသိမ်တော်အတွင်း၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျထိုးနှံပေးခဲ့ကြောင်း သိရသည်။
Aug 01,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် အသက်(၆၅)နှစ် အထက် ဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းကို ယမန်နေ့မွန်းလွဲ (၁)နာရီက မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင်   ထိုးနှံပေးခဲ့သည်။
Aug 01,2021
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးနေမှုများကို ရန်ကုန်တိုင်း ဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးလှစိုးနှင့် ကောင်စီအဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊ တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်ဒေါက်တာထွန်းမင်းနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအား ပေးကြ သည်။
Aug 01,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ဩဂုတ်လ ၁ ရက်နေ့မှ ၆ ရက်နေ့အထိ ထိုးနှံပေးသွားမည်ဖြစ်သည်။ နေပြည်တော်အတွင်းရှိ မြို့နယ်အားလုံးတွင် နံနက် ၉ နာရီမှ ၁၂ နာရီထိတစ်ကြိမ်၊ နေ့လယ် ၁ နာရီမှ ၅ နာရီအထိတစ်ကြိမ် နေ့စဉ်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
Aug 01,2021
ရှမ်းပြည်နယ် ( တောင်ပိုင်း ) ၊ လင်းခေးခရိုင် ၊ မောက်မယ်မြို့နယ်အတွင်း ရောဂါဆက်လက် ပြန့်ပွားမှုမရှိစေရေးနှင့် ပိုမိုထိန်းချုပ်ကင်းစင်ပပျောက်နိုင်ရေးအတွက် အသက် ၆၅ နှစ်အထက် ပြည်သူများအား ဦးစားပေးအဖြစ် ယမန်နေ့ နေ့လယ် ၁ နာရီတွင်  ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို စျေးတန်းရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ခန်းမ၌ စတင်ထိုးနှံ ပေးကြောင်း သိရသည်။
Aug 01,2021
ရန်ကုန်အရှေ့ပိုင်းခရိုင် ရန်ကင်းမြို့နယ်၌ ကိုဗစ်- ၁၉ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့မှစ၍ ထိုးနှံပေးလျက်ရှိကြောင်း ရန်ကင်းမြို့နယ်ကိုဗစ် -၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး နှင့်အရေး ပေါ်တုံပြန်ရေးကော်မတီမှသိရသည်။