အမြို့မြို့အနယ်နယ်သတင်းများ

Aug 01,2021
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် ပြည်သူ့ဆေးရုံ၌ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ အနီးကပ်ကြီးကြပ်မှုဖြင့် ယမန်နေ့ နံနက် ၁၀ နာရီက စတင်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း  သိရသည်။
Aug 01,2021
တနင်္သာရီတိုင်းဒေသကြီး၊  တနင်္သာရီမြို့နယ်  ဇီဝိတသံဃာ့ဆေးရုံအတွင်း   ယမန်နေ့နံနက် ၁၀နာရီအချိန်မှစ၍ အသက်(၆၅)နှစ်အထက်  သက်ကြီးရွယ်အိုများအား Sinopharmကိုဗစ်-၁၉ ရောဂါ  ကာကွယ်ဆေးကို စတင်ထိုးနှံပေးလျက်ရှိကြောင်း   သိရသည်။
Aug 01,2021
ဧရာဝတီတိုင်းဒသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့ရှိ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီး ရွယ်အိုများကို  ကိုဗစ်-၁၉  ကာကွယ်ဆေး ထိုးနှံပေးရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို    ယမန်နေ့ နေ့လည်  (၁)နာရီက မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျင်းပခဲ့ကြောင်း သိရသည်။
Aug 01,2021
မော်လမြိုင်ခရိုင်၊  ကျိုက်မရောမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက်  အခြေခံ စားသောက်ကုန်ဖြစ်သည့်   ဆန် ၆ ပြည်အိတ် (၁၀၀)အား   ထောက်ပံပေးအပ်ခြင်းကို    ယမန်နေ့ နေ့လယ်က  မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီရုံး  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ရုံးအစည်းအဝေးခန်းမ၌ပြုလုပ်သည်။
Aug 01,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် အသက်(၆၅)နှစ်အထက် အဘိုးအဘွားများအား ယမန်နေ့နံနက် ၉ နာရီခွဲက ကျောက်ဆည်မြို့ စုကြီးရပ်ကွက်မြို့တော်ခန်းမနှင့် ညောင်ခြောက်ပင် ရပ်ကွက်ရွှေဖောင်ဒေးရှင်းခန်းမတွင် စုရပ်အဖြစ်သတ်မှတ်၍ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Aug 01,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့ (အ.ထ.က) ကျောင်းတွင် ယနေ့နံနက် ၈ နာရီက မြို့အုပ်ချုပ်ရေးမှူး ဦးဇော်မိုး၊ တိုက်နယ်ဆရာဝန် ဒေါက်တာမင်းစအိုင်းမွန်နှင့် ကျေးလက်ကျန်းမာရေး အဖွဲ့များက အသက်(၆၅)နှစ်နှင့် အထက်အသက်ကြီးသူမိဘပြည်သူများ၊ သံဃာတော်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများ ဦးစားပေးထိုးသင့်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Vaccine(Vero cell)ကို စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။