အမြို့မြို့အနယ်နယ်သတင်းများ

Aug 31,2020
၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲအတွက် ရွေးကောက်ပွဲနည်းဥပဒေ ပုဒ်မ ၃၅ အရ စိစစ်လက်ခံ အတည်ပြုထားသော လွှတ်‌တော် ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းကို ယမန်နေ့က စတင်၍ အရာတော်မြို့ နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ကြေညာထားကြောင်း သိရသည်။
Aug 31,2020
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦး စီးဌာနက ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နံ့မှုထိန်းချု်ပရေးလုပ်ငန်းနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အကြောင်းအရာများအား ဒေသခံ ပြည်သူများ ကျယ်ကျယ်ပျံ့ပျံ့ ပိုမိုသိရှိလိုက်နာဆောင်ရွက်နိုင်ရန်အတွက် ယနေ့ နံနက် ၁၁ နာရီမှ စ၍ ဆင်ခြေဖုန်း ကျေးရွာအုပ်စု မရင်းကြီးကျေးရွာ၊ အော်ကြီးကျေးရွာ၊ ကော့မပြင်းကျေးရွာတို့တွင် တစ်ရွာဝင်တစ်ရွာထွက်ဖြင့် အသိပညာ ပေးလုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်ပေးကြောင်း သိရှိရသည်။
Aug 31,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ယနေ့ နံနက် ၉နာရီ ၃၀မိနစ်က မြို့နယ်အဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပခဲ့ကြောင်း သိရသည်။
Aug 31,2020
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ပြုလုပ်ကျင်းပသွားမည်ဖြစ်ရာ ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတွင် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများကို ယမန်နေ့ကစ၍ ကပ်ထားကြေညာလျက်ရှိကြောင်း သိရသည်။
Aug 31,2020
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ   အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်   လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့  နံနက် ၁၀ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
Aug 31,2020
ကရင်ပြည်နယ်အတွင်း တောင်သူများအနေဖြင့် စိုက်ပျိုးထုတ်လုပ်သီးနှံ့များ အရည်အသွေးကောင်းမွန်မှု၊ စိုက်ပျိုးထုတ်လုပ်သည့် အခါတွင် သဘာဝပတ်ဝန်းကျင် မပျက်ဆီးစေရေး၊ တောင်သူနှင့် စားသုံးသူများပါ ကျန်မာရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေး၊ လူမှုဘဝသာယာရေး စသည့်အချက်များနှင့် ပြည်စုံစိုက်ပျိုးနိုင်သည့် တောင်သူများအား မြန်မာGAP အသိအမှတ်ပြုလက်မှတ် ပေးအပ်ပွဲအခမ်းအနားကို ယနေ့၊ နံနက် (၁၀)နာရီက ကရင်ပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင်ပြုလုပ်သည်။