ဘုရားသုံးဆူမြို့တွင် ကိုဗစ်- ၁၉ ကာကွယ်ဆေး ဒုတိယအသုတ်(ပထမအကြိမ်)  ထိုးနှံခြင်းနှင့် ကျန်းမာရေးအသိပညာပေးဆောင်ရွက်

ဘုရားသုံးဆူ  စက်တင်ဘာ  ၁၆

 

 ကရင်ပြည်နယ်၊ကော့ကရိတ်ခရိုင်၊ဘုရားသုံးဆူမြို့တွင်ကိုဗစ်- ၁၉ ကာကွယ်ဆေး ဒုတိယအသုတ် (ပထမအကြိမ်)ထိုးနှံခြင်းအား ဘုရားသုံးဆူမြို့ အထကကျောင်း၌ ယနေ့ နံနက်၉နာရီ အချိန်တွင် ဆောင်ရွက်ခဲ့သည်။

အဆိုပါ ကိုဗစ်ကာကွယ်ဆေးအား သက်ဆိုင်ရာကျန်းမာရေးဌာနမှ တာဝန်ရှိသူများမှစနစ်တကျ ပြုလုပ် ဆောင်ရွက်ပြီး ကာကွယ်ဆေးနှင့်ပတ်သက်သည့် အသိပညာများအား ရှင်းလင်းပြောကြားခြင်း၊ကိုဗစ်- ၁၉ရောဂါနှင့်ပတ်သက်သည့် ဗီဇပြောင်းလဲပုံစသည့် အသိပညာပေးများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးကို ၂ ကြိမ်တိတိထိုးနှံရမည်ဖြစ်ပြီး ပထမအကြိမ်ထိုးနှံပြီးသားသူများအား အောက်တိုဘာလ ၁၄ရက်နေ့၌ ထပ်မံထိုးနှံဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ဘုရားသုံးဆူမြို့တွင် ပထမအကြိမ်ထိုးနှံခြင်းကို သြဂုတ်လ ၁ရက်နေ့နှင့် ၂၉ ရက်နေ့တို့တွင် ထိုးနှံ​ခဲ့ပြီး ထိုးနှံသူဦးရေး(၁၇၀၀)ဦးခန့်ရှိကြောင်း၊ ယနေ့ဒုတိယအသုတ်အတွက် ကာကွယ်ဆေးမှာ ဦးရေ(၂၅၀၀) ဦး ထိုးနှံသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်သူဟိန်း