ဘုတ်ပြင်း စက်တင်ဘာ ၁၆
ဘုတ်ပြင်းမြို့နယ် အတွင်းရပ်ကွက်/ကျေးရွာများတွင်နေထိုင်သည့် ကိုဗစ်-၁၉ ရောဂါပိုးရှိသည်ဟု သံသယရှိသူများအား ယမန်နေ့က စစ်ဆေးခဲ့ရာ ကိုဗစ်- ၁၉ ပိုးတွေ့လူနာသစ် ၁၀ ဦးစစ်ဆေးတွေ့ ရှိခဲ့ကြောင်းသိရသည်။
မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင် လမ်းညွှန်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများ၊ လူမှုရေးအသင်းဖွဲ့များနှင့် ကျေးရွာဒေသခံတာဝန်ရှိသူများပူးပေါင်းဆောင်ရွက်မှုဖြင့် စစ်ဆေးခဲ့ရာမှ ကိုဗစ်၁၉ ရောဂါပိုးတွေ့ လူနာ (၁၀) ဦးအား စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။ ၎င်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ သစ် (၁၀)ဦးမှာ ပြည်ကြီးမဏ္ဍိုင်မြို့လေညာရပ်ကွက်မှ(၅)ဦး၊ကရသူရိမြို့ ကြိမ်မဲတောင်ကျေးရွာမှ (၅)ဦးတို့ဖြစ်သည်။
ရောဂါပိုးတွေ့လူနာများအား သက်ဆိုင်ရာ ဆေးရုံများနှင့် ကိုဗစ်-၁၉ ပိုးတွေ့လူနာ ယာယီဆေး ကုသရေးစင်တာများတွင်ထားရှိပြီး ကျန်းမာရေးစောင့်ကြပ်ကြည့်ရှုမှုများဆောင်ရွက်ပေးလျက်ရှိ ကြောင်းသိရသည်။
ဘုတ်ပြင်းမြို့နယ်တွင် ကိုဗစ်-၁၉ တတိယလှိုင်းပိုးတွေရှိမှုမှာ ဇွန်လ(၁၀)ရက်နေ့မှ စက်တင်ဘာလ (၁၅)ရက် နေ့ထိပိုးတွေ့လူနာ (၁၈၄၃)ဦး၊ ဆေးရုံဆင်းသူ( ၁၆၆၂)ဦး၊ သေဆုံးသူ (၁၄)ဦး နှင့် သက်ဆိုင်ရာဆေးရုံများနှင့် ယာယီကုသရေး စင်တာများတွင် တက်ရောက်ကုသမှု ခံယူနေသူ (၁၆၇) ဦးရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ထံမှသိရသည်။
မြို့နယ်(ပြန်/ဆက်)