မိုင်းငေါ့ စက်တင်ဘာ ၁၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင် ပြသခြင်းအား ယနေ့ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ နံရံကပ်စာစောင်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးစာစောင်များ၊ ကိုဗစ်-၁၉ ရောဂါကူးစက်မခံရအောင်ပြုမူနေထိုင်ရမည့်နည်းလမ်းများ၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်း ချုပ်နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန ၏ လမ်းညွှန်ချက်များ၊ Mask စနစ်တကျ တပ်ဆင်နည်းများ၊ ကိုဗစ်-၁၉ ရောဂါအတွက် တစ်ဦးနှင့်တစ်ဦး အချင်းချင်းအသိပေး/သတိပေး ပြောကြားချက်များစသည့် အကြောင်းအရာများပါဝင်သော နံရံကပ်ပြဘုတ်အား အများပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး ပြသဆောင် ရွက်ထားပါသည်။
ထိုသို့ အသိပညာပေးနံရံကပ်စာစောင်များ ပြသခြင်းလုပ်ငန်းကို ပြည်သူ့အကျိုးပြု လုပ်ငန်းတစ်ရပ်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
မြင့်သွယ်(မိုင်းငေါ့ ပြန်/ဆက်)