Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ခါမ်းပါတ်မြို့တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး
Sep 27,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ခါမ်းပါတ်မြို့အတွင်းရှိ ရပ်ကွက်ကျေးရွာများမှ ဦးတည်အုပ်စုများနှင့် အသက်(၁၈)နှစ်အထက် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးခြင်း လုပ်ငန်းများကို စက်တင်ဘာလ(၂၆)ရက်နေ့ နံနက်ပိုင်းမှစတင်ကာ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သာစည်မြို့နယ်တွင် ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးနိုင်ရေး အသိပေးနှိုးဆော်
Sep 27,2021
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ ကာကွယ်ဆေး များ ဆက်လက်ထိုးနှံပေးနိုင်ရေး အသိပေးနှိုးဆော်ခြင်းကို မြို့နယ်ကိုဗစ် -၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၏ လမ်းညွှန်မှုဖြင့် ယမန်နေ့ ညနေ ၃ နာရီက မိတ္ထီလာ-တောင်ကြီးသွား ကားလမ်းမတလျှောက်နှင့် မြို့ပေါ်ရပ်ကွက်များအတွင်း အသံချဲ့စက်ဖြင့် လှည့် လည်နှိုးဆော်၍ အသိပေးကြေညာခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်လတ်၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေး
Sep 27,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးမှ လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် ကျေးရွာများအရောက် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်ပေးခြင်းကို ယမန်နေ့တွင် ကွန်ပလိုင်း ကျေးရွာအုပ်စု၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြဝတီ-ဝေါလေမြိုင် လမ်းမကြီးပေါ်ရှိ ဝင်းဝင်းမြိုင်တံတား ချဉ်းကပ်လမ်းပိုင်း ပျက်စီးပြိုကျမှု ဖြစ်ပွား
Sep 27,2021
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့တွင် စက်တင်ဘာလ ၂၆ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပိုပိချောင်းမှ တောင်ကျရေများ အရှိန်အဟုန်ပြင်းစွာ စီးဆင်းလာပြီး မြဝတီ-ဝေါလေမြိုင် လမ်းမကြီးပေါ်တွင် တည်ရှိသော ဝင်းဝင်းမြိုင် တံတား၏ ချဉ်းကပ်လမ်းပိုင်း ပေ ၅၀ခန့် ပျက်စီးပြိုကျမှု ဖြစ်ပွားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လိပ်သိုမြို့အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံကြရန်နှင့် ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်ရေးအတွက် အသိပေးနှိုးဆော်ဆောင်ရွက်…
Sep 27,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှုများရှိလာသဖြင့် ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသိပေးနှိုးဆော်မှုအား မြို့ပေါ်/ရပ်ကွက်များသို့ ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးနှင့် ၀န်ထမ်းများက မြို့အတွင်းရှိ အမှတ် (၂) ရပ်ကွက်၌ လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဝန်ကြီးချုပ်မှ ဝက်လက်မြို့နယ် စိုက်ပျိုးရေး နည်ပညာ ပြန့်ပွားရေးစင်တာရှိ စပါးမျိုးသန့်စင် စက်ရုံသို့ လာရောက်ကြည့်ရှု
Sep 27,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် စိုင်နိုင် စိုက်ပျိုးနည်းပညာ ပြန့်ပွားရေး စင်တာရှိ စပါးမျိုးသန့်စင် စက်ရုံသို့ ယမန်နေ့ မွန်းတည့် ၁၂ နာရီအချိန်က တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက လာရောက် ကြည့်ရှုခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒီပဲယင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို ဒုတိယအသုတ်၊ ပထမအကြိမ် ၃ ရက် မြောက်နေ့ ဆက်လက်ထိုးနှံပေး
Sep 27,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအသုတ်၊ ပထမအကြိမ် ထိုးနှံပေးခြင်းလုပ်ငန်းကို ဒီပဲယင်းမြို့ အ.ထ.က ကျောင်းတွင် ၃ ရက်မြောက်နေ့ ယမန်နေ့ နံနက် ၈ နာရီမှ နေ့ ၁ နာရီအချိန်ထိ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြဝတီမြို့၌ သောင်ရင်းမြစ်ရေ လျှံတတ်ပြီး အနိမ့်ပိုင်းနေရာများ ရေကြီးနစ်မြုပ်မှုဖြစ်ပွား
Sep 27,2021
မြန်မာ-ထိုင်း နှစ်နိုင်ငံ နယ်နိမိတ်ပိုင်းခြားထားသည့် သောင်ရင်းမြစ်သည် ယမန်နေ့ ညပိုင်းက တဖြည်း ဖြည်း မြစ်ရေမြင့်တက်လာပြီး မြဝတီမြို့ရှိ အနိမ့်ပိုင်း နေရာများ ရေများဝင်ရောက်ကာ ရေကြီးမှုများ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25416
Page
25417
Page
25418
Page
25419
Current page
25420
Page
25421
Page
25422
Page
25423
Page
25424
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department