အမြို့မြို့အနယ်နယ်သတင်းများ

Nov 19,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် ပုလောမြို့ စည်ပင်သာယာဈေးကြီးအတွင်း၌     ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်းရှိ၊ မရှိကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်းသိရသည်။
Nov 19,2021
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပုလော မြို့နယ်ရုံးမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယမန် နေ့ နံနက်ပိုင်းက မင်းထိန်ကျေးရွာအုပ်စု၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Nov 19,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊  လိပ်သိုမြို့တွင်  ပြည်သူများနေအိမ်ပြင်ပထွက်ခွာပါက ကိုဗစ်-၁၉ရောဂါကာကွယ်ရေးစည်းကမ်းချက်များ နှင့်အညီသွားလာရန်အသိပညာပေးနှိုးဆော်မှုများကို   စဉ်ဆက်မပြတ်  ဆောင်ရွက်လျက်ရှိရာ   ယနေ့နံနက်ပိုင်းတွင်   ကျန်းမာရေးဝန်ကြီးဌာနက   ထုတ်ပြန်ထားသော    ပြည်သူသို့အသိပေးပန်ကြားချက်များကို   ဒေသနေပြည်သူများ    ကျယ် ကျယ်ပြန့်ပြန့်   သိရှိလိုက်နာကြစေရန်   အသိပညာပေး  နှိုးဆော်မှုများကို    ကရင်မြန်မာ နှစ်ဘာသာဖြင့် ဆောင်ရွက်ပေးခဲ့ကြောင်း  သိရသည်။
Nov 19,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် မြန်အောင်မြို့ ရွှေဘုံသာစေတီတော်မြတ်ကြီးတွင် ယမန်နေ့ ည ၆ နာရီက ဆီမီး (၁၀၀၀)၊ ပန်း (၁၀၀၀) ပူဇော်ပွဲ ကျင်းပပြုလုပ်ရာ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိသည်။
Nov 19,2021
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက်  အများပြည်သူ သိရှိလိုက်နာရမည့်အချက်များအား ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိ နိုင်ရေးအတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက စဉ်ဆက်မပြတ် အသိပညာပေးနှိုးဆော်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာအတွင်း အသိပညာပေးနှိုးဆော်လျက်ရှိကြောင်းသိရသည်။    
Nov 19,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊  ဘုရားသုံးဆူမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် အတွက် အသိပညာပေး နှိုးဆော်မှုများအား ပြည်သူများသိရှိနိုင်စေရန်အတွက် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များက အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး  ယမန်နေ့ ညနေ ၄ နာရီအချိန်၌  မြို့အတွင်းရှိ ရပ်ကွက်များနှင့် လူစည်ကားရာနေရာများတွင် ဘုရားသုံးဆူမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍  အသံချဲ့စက်များဖြင့်  လိုက်လံနှိုးဆော်ခဲ့ ကြောင်း သိရသည်။
Nov 19,2021
 ကရင်ပြည်နယ် ၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ပြည်သူများ နေအိမ်ပြင်ပထွက်ခွာတိုင်းတွင် Mask တပ်ဆင်သွားလာမှုရှိစေရေး အသိပညာပေးလုပ်ငန်းများအရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်း ကို ယနေ့နံနက်(၉)နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။ 
Nov 19,2021
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းကိုအရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်(၉)နာရီအချိန်က မြို့‌ပေါ်ရပ်ကွက်များသို့ သွားရောက်၍‌ မြန်မာဘာသာ၊ စကောကရင်ဘာသာနှစ်မျိုးဖြင့် အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။