အမြို့မြို့အနယ်နယ်သတင်းများ

Nov 21,2021
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ယာဉ်မတော်တဆဖြစ်ပွားမှု လျော့နည်းစေရန်နှင့် လိုင်စင်မဲ့ ယာဉ်များ လျော့နည်းပပျောက်စေရန် ရည်ရွယ်၍ ယာဉ်စည်းကမ်း၊ လမ်းစည်ကမ်း အသိပညာပေးခြင်းနှင့် ယာဉ်များစစ်ဆေး ကြပ်မတ်ခြင်းကို ယနေ့မွန်းတည့် ၁၂နာရီက ကျိုက်မရောမြို့ အဝင်လမ်းဆုံ၌ ဆောင်ရွက်ခဲ့သည်။
Nov 21,2021
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ကျတ်ထိုးကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများအတွက် လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ယနေ့နံနက် ၉ နာရီ အချိန်မှစတင်ပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ကွင်းဆင်း ဆောင်ရွက်ပေးကြသည်။
Nov 21,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့တွင် နိုင်ငံသားတစ်ဦး၏တရားဝင်မှု၊ နိုင်ငံသား အခွင့်အရေးနှင့် လူမှုစီးပွားဘဝ အထောက်အကူဖြစ်စေနိုင်ရေးအတွက် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းပြုလုပ်ပေးခြင်းကို ယနေ့နံနက်ပိုင်းကစ၍ ပုံပါကျင်မြို့၊ အမှတ်(၃) ရပ်ကွက်၊ တာလေရွာ၌ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Nov 21,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ဦးစားပေးဦး တည်အုပ်စုအလိုက် စနစ်တကျ ထိုးနှံပေးလျက်ရှိရာ ယနေ့တွင် အသက် (၄၅)နှစ်အထက် ရှိသူများအား ကာကွယ်ဆေးထိုးစုရပ်ဖြစ်သည့် အမှတ်(၃)ရပ်ကွက်၊ မဟာဗန္ဓုလ လမ်းနှင့် ၃၅လမ်းထိပ် (ယခင်ထွေ/အုပ်ရုံးဟောင်းရှေ့)တွင် နံနက်(၀၉း၀၀)နာရီအချိန်မှ (၁၂း၀၀)ထိ (Phase 3) Sinopharm(5 Dose)Second Dose ကို ထိုးနှံပေးခဲ့ရာ ယနေ့တွင် စုစုပေါင်း(၃၉၉)ဦးကို ထိုးနှံ ပေးခဲ့ကြောင်း သိရသည်။
Nov 21,2021
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ မြန်မာ့ရိုးရာအမွေအနှစ်တစ်ခုဖြစ်သည့် သနပ်ခါး ရောင်းဝယ်မှု ပုံမှန်လည်ပတ် လျက်ရှိကြောင်း မြို့ပေါ်ရှိ ရွှေရည်ဝင်းသနပ်ခါး လက်လီ လက်ကားပွဲရုံမှ သိရသည်။
Nov 21,2021
ကျောင်းနေအရွယ် ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာဖြင့် ပညာသင်ယူခွင့် အခွင့်အလမ်းများ ရရှိစေရန်အတွက် နိုင်ငံတော်အစိုးရက ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံနိုင်ရေး ဆောင်ရွက် လျက်ရှိရာ ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့ (အထက)ကျောင်းတွင် ယနေ့နံနက် ၁၀ နာရီက အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား/ ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Nov 21,2021
ရန်ကုန်တိုင်းဒေသကြီး၊ အ​နောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက် ဦးစားပေး အစီအစဉ်အလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသည့် ပြည်သူများအား ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းကို မြို့နယ်အတွင်း စုရပ်နေရာ သတ်မှတ်ပြီး ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းမှ စတင်၍ ပထမအကြိမ် ကာကွယ်ဆေးလာရောက် ထိုးနှံကြသူ ၄၀၀ ဦးအား အမှတ်(၂)ရပ်ကွက် ပြည်လမ်မကြီး ယုဒသာန်ရိပ်သာ၊ ခရစ်ယာန်အသင်း​တော်​များ​ကောင်စီ၌ ကာကွယ်ဆေးထိုးပေးခဲ့​ကြောင်း သိရသည်။
Nov 21,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ချီပါမျိုးသန့်ခြံရှိ လုပ်ငန်းဆောင်ရွက်နေမှုများကို တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက ယနေ့နံနက် ၉နာရီက ကွင်းဆင်း ကြည့်ရှုခဲ့ကြောင်း သိရသည်။