ကျိုက်မရော၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း စစ်ဆေးကြပ်မတ်ဆောင်ရွက်

ကျိုက်မရော    နိုဝင်ဘာ   ၂၁

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ယာဉ်မတော်တဆဖြစ်ပွားမှု လျော့နည်းစေရန်နှင့် လိုင်စင်မဲ့ ယာဉ်များ လျော့နည်းပပျောက်စေရန် ရည်ရွယ်၍ ယာဉ်စည်းကမ်း၊ လမ်းစည်ကမ်း အသိပညာပေးခြင်းနှင့် ယာဉ်များစစ်ဆေး ကြပ်မတ်ခြင်းကို ယနေ့မွန်းတည့် ၁၂နာရီက ကျိုက်မရောမြို့အဝင်လမ်းဆုံ၌ ဆောင်ရွက်ခဲ့သည်။

ထိုသို့ စစ်ဆေးဆောင်ရွက်ရာ၌ ယခုကာလသည် တန်ဆောင်တိုင်ပွဲတော် ကာလပြီး၍ ပြည်သူများ ခရီးသွားလာမှု အရှိန်အဟုန်မြှင့်လာသည်နှင့်အမျှ စည်းကမ်းမဲ့ မောင်းနှင်နေသော ယာဉ်များ၊ မော်တော် ဆိုင်ကယ်မောင်းသူများကြောင့် ယာဉ်မတော်တဆမှုများ ဖြစ်နေသဖြင့် ယာဉ်အန္တရာယ် ကင်းရှင်းစေရန် အတွက် ကျိုက်မရော-မော်လမြိုင်သွား ကားလမ်းမပေါ်၌ မောင်းနှင်သွားလာနေကြသော မော်တော်ယာဉ် များ၊ ဆိုင်ကယ်များအား လိုင်စင်ရှိ/မရှိစစ်ဆေးခြင်း၊ ယာဉ်လိုင်စင်နှင့် အမောင်းလိုင်စင်များ သက်တမ်း တိုးထားခြင်း ရှိ/မရှိစစ်ဆေးခြင်း၊ ယာဉ်ကိုအန္တရာယ်ဖြစ်စေသည် အထိအရှိန်ပြင်းစွာ မောင်းနှင်ခြင်း များကို  ရပ်တန့်ခိုင်းစေပြီး အသိပညာပေးဆွေးနွေးခြင်း၊ ဆိုင်ကယ်ဦးထုပ် မဆောင်းသူများ၊ နံပါတ်ပြား မတပ်ထားသူများအား နံပတ်ပြားတပ်ခိုင်းခြင်းများကို ချက်ချင်းဆောင်ရွက်စေခြင်း၊ ဆိုင်ကယ်များတွက် ပါဝါ အိတ်ဇောများ တပ်ဆင်၍ အသံကျယ်လောင်စွာ မောင်းနှင်သူများကို စစ်ဆေးအရေးယူခြင်းများဖြင့် မြို့နယ် ရဲတပ်ဖွဲ့နှင့်သက်ဆိုင်ရာအဖွဲ့များ ပူးပေါင်းကာ ယာဉ်အန္တရာယ်ကင်းစေရေး အရှိန်အဟုန်ဖြင့် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။


ချိုမြတ်မြတ်ထွေး(ကျိုက်မရော)