ပခုက္ကူ နိုဝင်ဘာ ၂၁
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ကျတ်ထိုးကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများအတွက် လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ယနေ့နံနက် ၉ နာရီ အချိန်မှစတင်ပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ကွင်းဆင်း ဆောင်ရွက်ပေးကြသည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်မှုကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပခုက္ကူခရိုင် ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးထိန်လင်းသိန်း၏ အနီးကပ် ကြီးကြပ်မှုဖြင့် မြို့နယ်ဦးစီးမှူး ဦးအောင်မျိုးထွန်း ဦးဆောင်၍ ဒုတိယလဝကမှူး ဒေါ်နီနီဝင်းနှင့် ဝန်ထမ်းတို့က ကျတ်ထိုးကျေးရွာအုပ်စုအတွင်းရှိ အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကျား(၅) ကတ်၊ မ(၈)ကတ်၊ အသက်(၁၈)နှစ်ပြည့် နိုင်ငံသား စိစစ်ရေးကတ် ကျား(၉)ကတ်၊ မ(၁၆)ကတ်၊ နိုင်ငံသားစိစစ်ရေး ကတ်ပြား(လဲလှယ်) ကျား(၁)ကတ်၊ မ(၁)ကတ် ပျောက်ဆုံး၊ ပျက်စီးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြား(မိတ္တူ) ကျား(၅)၊ မ(၅)ကတ်၊ စုစုပေါင်း နိုင်ငံသားစိစစ်ရေး ကတ်ပြား(၅၀)ကတ်နှင့် တရားဝင်အိမ်ထောင်စု လူဦးရေစာရင်း ၂ ခုတို့ကို နေ့ချင်းပြီး ကွင်းဆင်း ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။
ဆလိုင်းကိုကီး(မဟာဝိဇ္ဇာ)