Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ငါးသိုင်းချောင်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲကျင်…
Nov 14,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ကလေးစာဖတ်ခန်း၌ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို နိုဝင်ဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် (Book Club)၊ (Youth Club) (WomenClub)အသင်းအဖွဲ့ဝင်များ ပူးပေါင်းကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မုဒုံမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်း ကွင်းဆင်းဆောင်ရွက်
Nov 14,2021
မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်၌ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၁ - ၂၀၂၂ ဘဏ္ဍာနှစ် (၆ လ ဘတ်ဂျတ်) အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) အကြောင်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းကို ယမန်နေ့က ဝက်တဲကျေးရွာအုပ်စု၊ ပိုင်ကမာကျေးရွာနှင့် ညောင်ကုန်း ကျေးရွာတို့တွင် အဆိုပါကျေးရွာများရှိ အုပ်ချုပ်ရေးမှူးရုံးတို့တွင် ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လူငယ်လေ့ကျင့်ရေးစခန်းဖွင့်ပွဲနှင့် အားကစားပစ္စည်းများပေးအပ်ပွဲ အခမ်းအနားကျင်းပ
Nov 14,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် လူငယ် လေ့ကျင့်ရေးစခန်းဖွင့်ပွဲနှင့် အားကစားပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို ၂၀၂၁ ခုနှစ်၊ ယနေ့ နံနက် ၁၀ နာရီ အချိန်က အင်းတော်မြို့ မြို့နယ် အားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဝါးခယ်မမြို့နယ် ကျေးရွာအုပ်စု(၂)အုပ်စုတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်
Nov 14,2021
ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနဌာနမှ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့် အညီ ယမန်နေ့ နံနက်(၈)နာရီက ကျေးရွာအုပ်စု(၂)အုပ်စုရှိ ပြည်သူများအတွက် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ရေး ကျေးရွာများ အရောက် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ
Nov 14,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသည့် ပြည်သူများ ကာကွယ်ဆေးထိုးရာတွင် အဆင်ပြေစေရေးအတွက် စုကြီးရပ်ကွက်၊ မြို့တော်ခန်းမနှင့် ကျေးလက်ကျန်းမာရေးဦးစီးဌာန၊ တိုက်နယ်ဆေးရုံများရှိသည့် မင်းစု၊ သံရွာ၊ စမာ၊ ဒွေးလှ၊ ဖျောက်ဆိပ်ပင် ကျေးရွာများရှိ တိုက်နယ်ဆေးရုံများတွင် ယနေ့နံနက်(၉)နာရီခွဲက ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ကြာအင်းဆိပ်ကြီးမြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စုပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ…
Nov 14,2021
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်၌ ရပ်ကွက်/ကျေးရွာ အုပ်စုပေါင်းစုံအသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကျင်းပနိုင်ရေးအတွက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းအချိန်က အမှတ်(၁)ရပ်ကွက် မြို့မ ဘောလုံး အားကစားကွင်းရှိ အလေးမအားကစားရုံ၌ ပြုလုပ်ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
သာစည်မြို့နယ်တွင် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်ပြိုင်ပွဲများ ကျင်းပနိုင်ရေးနှင့် ရသလမ်းဆုံစာဖတ်ဝိုင်း ပြန်လည်ပြုလုပ် နိုင်ရေး အကြိုညှိနှိုင်းစည်းဝ…
Nov 14,2021
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်ပြိုင်ပွဲများ ကျင်းပနိုင်ရေးနှင့် ရသလမ်းဆုံ စာဖတ်ဝိုင်း ပြန်လည်ပြုလုပ်နိုင်ရေး အကြိုညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့နယ် အရှေ့ငယ်တိုးကျေးရွာတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စု လူဦးရေစာရင်းများ အခမဲ့ပြုလုပ်ပေးလျက်ရှိ
Nov 14,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် ပြည်သူများနိုင်ငံသားတစ်ဦး၏ တရားဝင်မှု၊ နိုင်ငံသားအခွင့်အရေးနှင့် လူမှုစီးပွားဘဝပြည်စုံမှုရရှိစေရေးအတွက် သတ်မှတ်ချက်နှင့် ကိုက်ညီသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေ စာရင်းများကို ပြည်သူများ၏ လက်ဝယ်အရောက် အခမဲ့ပြုလုပ်ပေးလျက်ရှိရာ ယနေ့နံနက်(၁၀)နာရီက အရှေ့ ငယ်တိုးကျေးရွာသို့ ကွင်းဆင်းပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ပြုလုပ်ပေးခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
24168
Page
24169
Page
24170
Page
24171
Current page
24172
Page
24173
Page
24174
Page
24175
Page
24176
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department