အင်္ဂပူမြို့ အထက(အင်္ဂပူ)ဆေးထိုးစုရပ်တွင် အသက် (၁၂) အထက် ကျောင်းသား/ကျောင်းသူများအား ကိုဗစ် ကာကွယ်ဆေး (ဒုတိယအကြိမ်) ဆက်လက်ထိုးနှံပေးလျက်ရှိ

အင်္ဂပူ၊ နိုဝင်ဘာ ၁၆

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် အင်္ဂပူမြို့ အထက (အင်္ဂပူ)  ဆေးထိုးစုရပ်တွင် ယနေ့နံနက် ၉နာရီက စတင်ပြီးအသက် (၁၂) အထက် ကျောင်းသား၊ကျောင်သူများ အား ကိုဗစ်ကာကွယ်ဆေး (ဒုတိယအကြိမ်)  ဆက်လက်ထိုးနှံပေးခဲ့‌ကြောင်းသိရသည်။

အထက(အင်္ဂပူ) ဆေးထိုးစုရပ်တွင်အသက် (၁၂) အထက်ကျောင်းသား/သူများအား ကိုဗစ်ကာကွယ် ဆေး(ဒုတိယအကြိမ်)ဆက်လက်ထိုးနှံပေးခြင်းကို အထက(အင်္ဂပူ)မှ တာဝန်ခံကျောင်းအုပ်ကြီး ဦးဟံဦး ဦး‌ဆောင်မှုဖြင့် ဆရာဆရာမများ၊ ကျန်းမာရေးဌာနမှ ဝန်ထမ်းများမှ ကျောင်းသား/သူများအား ကိုဗစ် ကာကွယ်ရေး နည်းလမ်းများနှင့်အညီ ဆေးထိုးနှံပေးခဲ့သည်။

အထက(အင်္ဂပူ)ဆေးထိုးစုရပ်တွင် အသက်(၁၂)နှစ်အထက် ကျောင်းသား/ကျောင်း သူ(၄၀၀)ဦးတို့အား ကိုဗစ် ကာကွယ်‌ဆေးထိုးနှံ‌ ပေးခဲ့ကြောင်းသိရှိရသည်။

မန်းကျော်