မံစီ နိုဝင်ဘာ ၁၆
မြန်မာသက္ကရစ် ၁၃၈၃ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့တွင် ကျရောက်မည့် ၁၀၁ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ၌ ယမန်နေ့ ညနေ ၃ နာရီက နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ အမျိုးသားအောင်ပွဲနေ့ အကြောင်းကို သိရှိစေရန်နှင့် အသိပညာ ဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ပြီး နံရံကပ်စာစောင်များ ပြသရာတွင် အမျိုးသားအောင်ပွဲနေ့အကြောင်းအပြင် ကိုဗစ်-၁၉ ရောဂါ အကြောင်း၊ လူကုန်ကူး ခြင်းဆိုင်ရာအကြောင်း၊ သက်ငယ်မုဒိမ်းနှင့် အမျိုးသမီးအကြမ်းဖက်မှုဆိုင်ရာအကြောင်း၊ ကလေးသူငယ် အခွင့်အရေးဆိုင်ရာအကြောင်း၊ မူးယစ်ဆေးဝါးအကြောင်း၊ သဘာဝဘေး အန္တရာယ်အကြောင်း စသည့် အသိပညာပေး နံရံကပ်စာစောင်များကို ပြသခဲ့သည်။
စာအုပ်စာစောင်ပြပွဲတွင် အမျိုးသားအောင်ပွဲနေ့နှင့်ပတ်သက်သည့်စာအုပ်များနှင့်၊ ဗဟုသုတများ စွာရရှိစေမည့် အခြားသုတရသစာအုပ်စာ များကို ခင်းကျင်းပြသခဲ့ကြောင်း၊ ကဗျာရွတ်ဆို ပြိုင်ပွဲတွင် စာရေးဆရာ မောင်စိမ်းနောင်(လယ်ဝေး)၏ “သတိရနေမြဲ” ကဗျာဖြင့် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၁)ဦးက ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ ဆုရရှိသူများအား မြို့နယ်ဦးစီးမှူး ဒေါ်မြတ်နန်းခိုင်က ဆုများချီးမြှင့်ခဲ့ပြီး ပြိုင်ပွဲဝင်သည့် ကျောင်းသား၊ ကျောင်းသူများ အားလုံးကိုလည်း အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)