ထန်းတပင်မြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre တွင် စာဖတ်ဝိုင်းပြုလုပ်

ထန်းတပင်(ပဲခူး) နိုဝင်ဘာ ၁၆

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ် လူထုအခြေပြု ဗဟိုဌာနခန်းမတွင် စာပေချစ်မြတ်နိုးသူများမှ ဆရာရေးဆရာ မောင်သာမည ရေးသားသည့် အောင်မြင်ခြင်းနှင့် ရှုံးနိမ့်ခြင်း စာအုပ်ကို ယနေ့ နံနက်ပိုင်းက  ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေး နည်းလမ်းများနှင့်အညီ စာဖတ်သည့် အလေ့အထကောင်းများ ရရှိစေရန် အသိပညာဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ(တာဝန်ပေး) ဒေါ်သဇင် က ယခုချိန်သည် ကိုဗစ်-၁၉ ရောဂါ လျှော့နည်း ကျဆင်းလာပြီဖြစ်သည့်အတွက် မြို့နယ်ပြည်သူ့ စာကြည့်တိုက်ကို (၁၀-၁၁-၂၀၂၁) ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့ပြီး သုတရသစာအုပ်များ ဌားရမ်းပေးနေပြီ ဖြစ်ပါကြောင်းနှင့် စာပေချစ်မြတ်နိုးသူများအသင်းနှင့် ပူးပေါင်း​ဆောင်ရွက်နေသည့် စာဖတ်ဝိုင်းများကိုလည်း ယနေ့ပြန်လည်ကျင်းပခြင်းဖြစ်ပါကြောင်း စာဖတ်ဝိုင်း ဆွေးနွေးပွဲများကိုလစဉ် ကျင်းပပြုလုပ်သွားမည်ဖြစ်သည့်အတွက် စာပေချစ်မြတ်နိုးသူများကလည်း ဆက်လက် ပူးပေါင်းဆောင်

ရွက်ပေးစေလိုပါကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် Book Club အဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ညွန့်က ခြားနားခြင်းအတတ်ပညာ ခေါင်းစဉ်ကို လည်းကောင်း ဦးအောင်ဇင်မျိုးက အသက်ဘဝနှင့်ထိတွေ့ခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် စာပေချစ်မြတ်နှိုးသူများကလည်း စာအုပ်ပါအကြောင်းအရာ

များကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြို့နယ် ပြန်/ဆက်