အမြို့မြို့အနယ်နယ်သတင်းများ

Dec 15,2021
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ မြို့ပေါ်ရုံး ဝန်ထမ်းများ နှင့် ရပ်ကွက်/ကျေးရွာအုပ်စု စာရေးဝန်ထမ်းများအား ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ထုတ်ဝေသည့် ရုံးလုပ်ငန်းလက်စွဲ စာအုပ်များ အခမဲ့ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Dec 15,2021
ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာနဌာနမှ “လူမှု့ဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ယမန်နေ့ နံနက်(၉)နာရီက ‌ မြစ်ကလေးကျေးရွာအုပ်စုနှင့် ကျုံပတုတ်ဝကျေးရွာအုပ်စုရှိ ပြည်သူများအတွက် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ရေး ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်‌ပေးခဲ့ကြောင်း သိရသည်။
Dec 15,2021
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက်(၁၂)နှစ်အထက် ကျောင်းသား/ကျောင်းသူ ၃၁၂ ဦးတို့အား ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ်အဖြစ် ယနေ့ နံနက် ၉ နာရီက  သတ်မှတ်အခြေခံပညာကျောင်း ဆေးထိုးစုရပ်တို့၌ ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Dec 15,2021
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm ပထမအကြိမ် ထိုးနှံထားသူများအား ဒုတိယအကြိမ်အဖြစ် ထိုးနှံပေးလျက်ရှိရာ ယမန် နေ့ နံနက် ၉ နာရီချိန်မှ စတင်၍ ဆေးထိုးစုရပ် ငါးရပ်၌ ပြည်သူ ၁၁၇၅ ဦး တို့အား ထိုးနှံပေးခဲ့ ကြောင်း  မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
Dec 15,2021
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် အတွက် အသက်(၅၅)နှစ်နှင့်အထက် ပြည်သူများနှင့် ဦးစားပေးအုပ်စုအလိုက် ကိုဗစ်-၁၉ ကာကွယ် ဆေး ထိုးနှံပေးခြင်းကို မြို့နယ်အတွင်း ဇုံနယ်မြေ(၉)ဇုံ ခွဲခြားသတ်မှတ်ပြီး ဇုံနယ်မြေအလိုက် သတ်မှတ်နေရာများတွင် နိုဝင်ဘာ ၂ဝရက်နေ့မှစ၍ နေ့စဉ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး တတိယသုတ် ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးကြောင်း သိရသည်။
Dec 15,2021
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm ပထမအကြိမ် ထိုးနှံထားသူများအား ဒုတိယအကြိမ်အဖြစ် ထိုးနှံပေးလျက်ရှိရာ ယမန် နေ့ နံနက် ၉ နာရီချိန်မှ စတင်၍ ဆေးထိုးစုရပ် ငါးရပ်၌ ပြည်သူ ၁၁၇၅ ဦး တို့အား ထိုးနှံပေးခဲ့ ကြောင်း  မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
Dec 15,2021
ယခုအခါ ပွင့်လင်းရာသီရောက်ရှိလာပြီ ဖြစ်သည့်အတွက် ရေကြည်မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးကြိုတင် ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်(၁၀)နာရီက မြို့မစျေးအတွင်း မီးငြိမ်းသတ်မှု လက်တွေ့သရုပ်ပြခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရုံးဝန်ထမ်းများနှင့်ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Dec 15,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ယမန်နေ့ နံနက်ပိုင်းက ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများဖြစ်သည့် အနေအထိုင်၊ အစားအသောက်၊ အသွားအလာတို့တွင် ပေါ့ဆမှုများမဖြစ်ပေါ်စေ ရန် အသိပညာပေးလုပ်ငန်းများကို ရပ်ကွက်များအတွင်း၌ လှည့်လည်‌ကြေငြာ၍ ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။