Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ပုဗ္ဗသီရိမြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင် ကာကွယ်ရေးအသိပညာပေး နှိုးဆော်ခြင်းများဆောင်ရွက်
Dec 14,2021
နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးကွဲသစ်အိုမီခရွန် ကြိုတင်ကာကွယ်တားဆီးရေးဆိုင်ရာ အချက်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန်သိရှိစေရန်အတွက် အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခြင်း များကို ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာနမှ ဝန်ထမ်းများက ရပ်ကွက်နှင့် ကျေးရွာများသို့ သွားရောက်၍ အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ပင်လောင်းမြို့၌ ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်(Omicron)ရောဂါပိုး ကြိုတင် ကာကွယ်ရေး အသိပေးချက်များနှင့်ကာကွယ်ဆေးထိုးနှံကြရန် လိုက်လံနှိ…
Dec 14,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ပင်လောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်(Omicron)ရောဂါပိုး ကူးစက်မှု မရှိစေရေး အတွက် ကြိုတင်ကာကွယ်ရေး အသိပေးချက်များနှင့် ကာကွယ်ဆေးထိုးနှံကြရန် နှိုးဆော်မှု များအား အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီအချိန် က ရပ်ကွက်များအတွင်း (Hand Speaker) ဖြင့်လိုက်လံနှိုးဆော်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ အမှတ်(၅) ဓာတ်မြေဩဇာစက်ရုံ (ကန်ကြီးထောင့်)သို့ ကြည့်ရှု့စစ်ဆေး
Dec 14,2021
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီး များနှင့်အတူ ယနေ့ နံနက် ၉ နာရီအချိန်က အမှတ်(၅) ဓာတ်မြေဩဇာစက်ရုံ (ကန်ကြီးထောင့်) သို့ ရောက်ရှိကာ စက်ရုံအတွင်းလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ဓာတ်မြေဩဇာများအား သက်ဆိုင်ရာသို့ တင်ပို့ဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှု့ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တပ်ကုန်းမြို့၌ ဆောင်းရာသီတွင် ဖြစ်ပွားတတ်သောရောဂါများအကြောင်းသိကောင်းစရာများ Talk Show ကျင်းပ
Dec 14,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ပြည်သူ့စာကြည့်တိုက်တွင် ဆောင်းရာသီတွင် ဖြစ်ပွားတတ်သောရောဂါများအကြောင်း သိကောင်းစရာများ Talk Show အစီအစဉ်ဆွေးနွေးခြင်းကို ဒီဇင်ဘာ ၁၄ရက် နံနက်၉နာရီခွဲက ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ အဆိုပါဦးစီးဌာနရှိ(Community Centre) ခန်းမတွင် ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ဘားအံမြို့နယ်တွင် မွေးစမှအသက်တစ်နှစ်ခွဲ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ
Dec 14,2021
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ကလေးငယ်များ ကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါ တို့မှ ကင်းဝေးစေရန်အတွက် မွေးစမှ အသက်တစ်နှစ်ခွဲ ကလေးငယ်များအား ပုံမှန် ကာကွယ် ဆေးထိုးနှံ တိုက်ကျွေးခြင်းကို ယနေ့နံနက်ပိုင်းက ဘားအံမြို့နယ်၊ မိခင်နှင့်ကလေးကျန်းမာရေး ဌာနတွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်ရွှေမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး မြို့ပေါ်ရပ်ကွက်များအတွင်း အသိပညာပေးနှိုးဆော်
Dec 14,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်အတွင်း၌ ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ကိုဗစ် -၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာကာကွယ်နိုင် ရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူလူထုပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ညောင်ရွေမြို့နယ်ရုံးမှ ဝန်ထမ်းများ က မြို့ပေါ်ရပ်ကွက်များ အတွင်းဆောင် ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နမ့်စန်တွင် ဒီဇင်ဘာ ၁၄ ရက်နေ့၌ ကိုဗစ်-၁၉ ရောဂါလူနာအသစ် ၁၉ ဦး စစ်ဆေးတွေ့ရှိ၊
Dec 14,2021
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ် တွင် ယမန်နေ့ နေ့လည်ပိုင်းမှ ယနေ့ နေ့လည်ပိုင်း အတွင်း RDT Test kit စစ်ဆေးမှုအရ အမျိုးသား ၁၃ ဦး နှင့် အမျိုးသမီး ၆ ဦး၊ စုစုပေါင်း ၁၉ ဦး ထံတွင် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေး တွေ့ရှိခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဝါးခယ်မမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron) ရောဂါပိုး ကြိုတင်ကာကွယ်ရေးအသိပညာပေး နှိုးဆော်ချက်များ ကို မြန်မာ-ပိုးကရင်နှစ…
Dec 14,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်(Omicron)ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပညာများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် ပူးပေါင်းပါဝင်နိုင်ရန် အသိပညာပေး နှိုးဆော်ခြင်းများကို ဝါးခယ်မမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ရပ်ကွက်များအတွင်း ယနေ့နံနက်(၁၀)နာရီက လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
23755
Page
23756
Page
23757
Page
23758
Current page
23759
Page
23760
Page
23761
Page
23762
Page
23763
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department