အမြို့မြို့အနယ်နယ်သတင်းများ

Dec 15,2021
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ လမိုင်းမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center)ခန်းမတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် စာအုပ်၊စာစောင်ပြပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပသည်။
Dec 15,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မူးယစ် ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး(Talk Show)ဆွေးနွေးပွဲကို ယနေ့  နံနက် (၁၀)နာရီအချိန်က ပြည်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Dec 15,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်၌ အားကစားဖွံ့​ဖြိုးတိုးတက်​​ရေး (TSDP) အရ ပြုလုပ်သော အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အလွတ်တန်းဖူဆယ် (အမျိုးသား) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီး​မြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ (၃)နာရီ အချိန်က မြို့နယ်အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Dec 15,2021
ကရင်ပြည်နယ်၊ဘားအံခရိုင်၊လှိုင်းဘွဲမြို့နယ်၊  ကိုဗစ်-၁၉ရောဂါကူးစက်မှုများ မဖြစ်ပေါ် စေရေး၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် အတွက် မြန်မာဘာသာနှင့်ပိုးကရင်ဘာသာ​စကားတို့ဖြင့် အသိ ပညာပေးနှိုးဆော်မှုများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ရေးနှင့် ကိုဗစ်မျိုးကွဲ အိုမီခရွန်(Omicron)အကြောင်း အများပြည်သူများသိရှိနိုင်စေရန်အတွက် အသိပညာ ပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
Dec 15,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်" ရောဂါ ကူးစက် ပြန့်ပွားမှုကို ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများ ဒေသနေ ပြည်သူ များ ကျယ်ကျယ်ပြန့်ပြန့်သိရှိလိုက်နာကြစေရန်အတွက် အသိပညာပေးနှိုးဆော်မှုလုပ်ငန်းကို နေ့စဉ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အရှိန်အဟုန်မပြတ် နေ့စဉ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။    
Dec 15,2021
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးအေးနိုင်၏အစီအမံဖြင့် မြို့နယ်အတွင်းကိုဗစ်-၁၉ ရောဂါကူးစက်မှုမှ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဦးတည်အုပ်စုများအား အကြိမ်ပြည့် ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းကို အရှိန်အဟုန် မပျက်ဆောင်ရွက်လျက်ရှိရာ ယနေ့ဒီဇင်ဘာလ ၁၄ရက်နေ့တွင် တနင်္သာရီခန်းမအတွင်း အသက် (၁၈)နှစ်ပြည့်ပြီးသူများအား မြို့နယ် ဆရာဝန်ကြီးဒေါက်တာအောင်သိုက်ထွန်းနှင့် ကျန်းမာရေးဝန်ထမ်းများမှ ဆက်လက် ထိုးနှံပေးကြောင်း သိရသည်။
Dec 15,2021
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများ တွေ့ဆုံဆွေးနွေးခြင်းကို ဒီဇင်ဘာလ ၁၄ ရက် နံနက် ၉နာရီ အချိန်က ‌မြို့နယ်အုပ်ချုပ် ရေးမှူးရုံးခန်းမ၌ ပြုလုပ်ကြသည်။