Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မုံရွာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် မျိုးစေ့ထုတ်စိုက်ခင်းနှင့် စံပြစိုက်ခင်းများ ဆောင်ရွက်သည့် တောင်သူများသို့ ပံ့ပိုးပစ္စည်းထောက်ပံ့ပေးအပ်ခ…
Dec 14,2021
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာန မုံရွာမြို့နယ် ဦးစီးမှူးရုံးတွင် ဘက်စုံပိုးပွား ကာကွယ်နှိမ်နင်းရေး နည်းစနစ်ကို အသုံးပြုခြင်းဖြင့် တစ်ဧက ကုန်ကျစရိတ်သက်သာပြီး သီးနှံအထွက်နှုန်း ပိုမိုရရှိလာစေရန်ရည်ရွယ်ပြီး မျိုးစေ့ထုတ် စိုက်ခင်းနှင့် စံပြစိုက်ခင်းများ ဆောင်ရွက်သည့် တောင်သူများသို့ ပံ့ပိုးပစ္စည်း ထောက်ပံ့ ပေးအပ်ခြင်း အခမ်းအနားနှင့် ပြောင်းလဲလာတဲ့ ရာသီဥတုနှင့်အညီ ဘေးအန္တရာယ်ကင်းရှင်းပြီး အာဟာရပြည့်ဝတဲ့ အစားစအာများကို စားသုံးနိုင်ရန်နှင့် ကုန်ကျစရိတ်သက်သာပြီး သီးနှံအထွက်နှုန်း ပိုမိုရရှိလာစေရန် ရည်ရွယ်ပြီး ဘက်စုံပိုးမွှား/ရောဂါ ကာကွယ်နှိမ်နင်းရေး သင်တန်းကို ယနေ့ မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ ဒေသခံတောင်သူများ တက်ရောက် ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
သီပေါမြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် Onlineမှတစ်ဆင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေး
Dec 14,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေး ဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း ပြည်သူ့စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိ သတ်ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူ၊ လူငယ် လူရွယ်များအတွက် အသိပညာ ဗဟုသုတများ ရရှိစေရန်၊ အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်နှင့် စိတ်အပန်းပြေ ပျော်ရွှင် စေရန် ရည်ရွယ်၍ Onlineမှတစ်ဆင့် သုတ၊ ရသ စာအုပ်စာစောင်မိတ်ဆက်ခြင်း အစီအစဉ်၊ ဆေးရောင်ခြယ်အစီအစဉ်၊ ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ဆိုခြင်း အစီအစဉ်များနှင့် ရောင်စုံစက္ကူ လေးများဖြင့် အရုပ်ခေါက်/ ပန်းအလှခေါက်ခြင်းအစီအစဉ်များကိုရိုက်ကူး၍ သီပေါမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook Page မှတစ်ဆင့် နေ့စဉ်ထုတ်လွှင့် ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စုကလိမြို့တွင် အသက် ၁၈ နှစ်အထက် မိဘပြည်သူများအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံ
Dec 14,2021
ကရင်ပြည်နယ် မြဝတီခရိုင်စုကလိမြို့ မဲကုလားကျေးရွာအုပ်စု ဆုံးဆည်းမြိုင်နှင့် ဝါးမီးထ ကျေးရွာ များရှိ အသက် ၁၈ နှစ်အထက် မိဘပြည်သူများအား တရုတ်ပြည်သူ့သမ္မတနိုင်ငံထုတ် Sinopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးကို ယနေ့၌ ဆုံဆည်းမြိုင် ပြည်သူ့ဆေးရုံတွင် စတင်ထိုးနှံပေး လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ဘားအံခရိုင် လူထုအခြေပြု ဗဟိုဌာန (Community Centre) တွင် စာဖတ်ဝိုင်းပြုလုပ်
Dec 14,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာပေချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဝင်များဖြင့် စာရေး ဆရာမစန္ဒာ ရေးသားထားသော “ဝတ္ထုတိုများ-၃” ရသစာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး Mask Campaign များ ပြုလုပ်ခြင်းနှင့် အသိပညာပေးလုပ်ငန်းများဆောင်ရွက်
Dec 14,2021
ဆီဆိုင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး လုပ်ငန်းများကို အရှိန်အဟုန် မြှင့် ဆောင်ရွက်လျက်ရှိရာ ဒေသခံ တိုင်းရင်းသားပြည်သူများ နှာခေါင်းစည်းကို စနစ်တကျတပ်ဆင် အသုံးပြုသွားလာကြစေရန်နှင့် ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရန်အတွက် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့၌ ယနေ့ နံနက် ၈နာရီခန့်က ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး Mask Campaign ပြုလုပ်ခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး Talk Show ကျင်းပ
Dec 14,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး Talk Show ကို ယနေ့နံနက်ပိုင်းက ပြည်သူ့စာကြည့်တိုက်အတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရေဦး၌ မြို့အင်္ဂါရပ်နှင့်ညီညွတ်စေရေး မြို့အ၀င်ဆိုင်းဘုတ်နှင့် ပန်းခြံအသစ်တည်ဆောက်
Dec 14,2021
စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေး ဦးစီးဌာနခွင့်ပြုရန်ပုံငွေဖြင့် ရွှေဘိုခရိုင်၊ ရေဦးမြို့နယ် စည်ပင်သာယာရေး ဌာနမှ မြို့အင်္ဂါရပ်နှင့် ညီညွတ်စေရေး လုပ်ငန်းများ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းငေါ့မြို့တွင် အသက် (၁၈)နှစ် အထက်ပြည်သူ (၁၇၀)ဦး အား ပထမ အကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Dec 14,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် ယမန်နေ့ နံနက် (၉)နာရီအချိန် ခန့်က Sinopharm အမျိုးအစား ကာကွယ်ဆေး အသက် (၁၈)နှစ် အထက်ပြည် သူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းများကို ကျန်းမာရေး ဝန်ထမ်း မျာက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီ ဆက်လက်ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
23758
Page
23759
Page
23760
Page
23761
Current page
23762
Page
23763
Page
23764
Page
23765
Page
23766
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department