ဒိုက်ဦးမြို့မစျေး မီးဘေးလုံခြုံရေးအတွက် ဇာတ်တိုက်သရုပ်ပြခြင်း အခမ်းအနား ကျင်းပ

ဒိုက်ဦး  ဒီဇင်ဘာ ၁၆

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့မစျေး မီးဘေးလုံခြုံရေးအတွက် ဇာတ်တိုက်သရုပ်ပြခြင်း အခမ်းအနားကို ယမန်နေ့ညနေ ၃ နာရီအချိန်က ဒိုက်ဦးမြို့မစျေးကြီး၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မီးလောင်မှုဖြစ်ပွားပါက အရေးပေါ်မီးငြှိမ်းသတ်ရန်အတွက် မီးသတ်ဆေးဘူး အသုံးပြုပုံ၊ Gas မီးလောင်မှုဖြစ်ပွားပါက မီးသတ်ဆေးဘူး အသုံးပြု၍ မီးငြှိမ်းသတ်ပုံ၊ အရေးပေါ် အခြေအနေ ဖြစ်ပေါ်လာပါက မီးသတ်ယာဉ်အသုံးပြု၍ မီးငြှိမ်းသတ်ပုံတို့အား မီးသတ်ဦးစီးမှူး ဦးချမ်းမြေ့ထွန်းနှင့် မီးသတ်ဝန်ထမ်းများ၊ မြို့မစျေး အရန်မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ် ၂ စီး၊ ရေသယ်ယာဉ် ၁ စီး အသုံးပြု၍ လက်တွေ့ဇာတ်တိုက် သရုပ်ပြသခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ဒိုက်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးသက်နောင်ဦး၊ အဖွဲ့ဝင်(၂) ဦးတင်ထွဋ်မြင့်၊ မြို့နယ်စည်ပင်သာယာ အမှုဆောင်အရာရှိ ဦးတင်မိုးလှိုင်၊ ဒုတိယဦးစီးမှူး (စျေး) ဦးရဲထွန်း၊ လ.ဝ.က ဦးစီးအရာရှိ ဦးကျော်စိုးမိုး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ စျေးအကျိုးတော်ဆောင် အဖွဲ့များ စျေးသူစျေးသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)