အမြို့မြို့အနယ်နယ်သတင်းများ

Jun 01,2022
မိတ္ထီလာမြို့နယ်၌ အခြေခံပညာကျောင်းများ၊ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများရှိ အသက် ၅ နှစ်မှ ၁၂ အထိ ကျောင်းသူကျောင်းသားများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရသည်။
Jun 01,2022
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ လမ်းမတော်မြို့နယ်တွင် “ကျောင်း​နေအရွယ်က​လေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ​ကျောင်းအပ်နှံကြပါစို့” ​ဆောင်ပုဒ်နှင့်အညီ အ​ခြေခံပညာဦးစီးဌာနက ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အ​ခြေခံပညာကျောင်းများ ​ကျောင်းအပ်နှံ​ရေး အခမ်းအနားအား ယ​နေ့ နံနက် ၈ နာရီအချိန်က လမ်းမတော်မြို့နယ် အမှတ် (၁) အ​ခြေခံပညာ အထက်တန်း​ကျောင်းခန်းမ၌ ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
Jun 01,2022
နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန် မျိုးဆက်သစ်လူငယ်များ၏ ပညာရည်မြင့်မားရေးအတွက် ပညာသင်အခွင့်အလမ်း ပုံမှန်ပြန်လည်ရရှိ‌ရေးသည် အထူးအလေးထား ကြိုးပမ်းဆောင်ရွက်ရမည် ဖြစ်သည်။ မျိုးဆက်သစ်လူငယ်များ၏ ပညာရည်မြင့်မားရေးကို ဆောင်ရွက်ရာတွင် အခြေခံပညာ သင်ကြားရေးသည် များစွာအဓိကကျပါသည်။ အခြေခံပညာသင်ကြားကြမည့် ကျောင်းသားလူငယ်များ ပညာရည်နို့ အပြည့်အဝ သောက်စို့နိုင်ရန်အတွက် ဗဟန်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးကို ယနေ့နံနက် ၉နာရီက အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း မိုးဦးပန်းခန်းမ၌ ကျင်းပသည်။
Jun 01,2022
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက် ၈ နာရီက ကျိုက်ဒုံမြို့ အမှတ်(၂)ရပ်ကွက်၌ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါမျိုးဗီဇပြောင်းအိုမီခရွန်(Omicron) ကြိုတင်ကာကွယ်နိုင်စေရေးအတွက် အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့သည်။
Jun 01,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်အတွင်းရှိ မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသော လေဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲ (၁) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ပြုလုပ်ခဲ့သည်။
Jun 01,2022
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသား/သမီးများအား၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာ သင်စရိတ်နှင့်ကျောင်းသုံးစာရေးကိရိယာများ ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့နေ့လယ် ၂ နာရီကမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
Jun 01,2022
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေး သီတင်းပတ်အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က ဆိပ်ဖြူမြို့ အခြေခံပညာ အထက်တန်းကျောင်း နဝရတ်ခန်းမတွင် ကျင်းပပြုလုပ်သည်။
Jun 01,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းမိသားစုဝင် သားသမီးငယ်လေးများအား ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ပညာသင် ထောက်ပံ့ကြေးငွေ ပေးအပ်ပွဲကို ယနေ့ မေလ ၃၁ ရက်နေ့ နံနက် ၉ နာရီခွဲ အချိန်က ပြည်အေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။