လမ်းမတော်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများ ​ကျောင်းအပ်နှံ​ရေး အခမ်းအနား ကျင်းပ

လမ်းမတော် ဇွန် ၁

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ လမ်းမတော်မြို့နယ်တွင် “ကျောင်း​နေအရွယ်က​လေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ​ကျောင်းအပ်နှံကြပါစို့” ​ဆောင်ပုဒ်နှင့်အညီ  အ​ခြေခံပညာဦးစီးဌာနက ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အ​ခြေခံပညာကျောင်းများ ​ကျောင်းအပ်နှံ​ရေး အခမ်းအနားအား ယ​နေ့ နံနက် ၈ နာရီအချိန်က လမ်းမတော်မြို့နယ် အမှတ် (၁) အ​ခြေခံပညာ အထက်တန်း​ကျောင်းခန်းမ၌ ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် လမ်းမတော် မြို့နယ်စီမံအုပ်ချုပ်​ရေး​​ အဖွဲ့ဥက္ကဋ္ဌ  ဦးသက်‌နောင်ဖြူက အဖွင့်အမှာစကားပြောကြားရာတွင် ကျောင်းအပ်နှံရေး အခမ်းအနား ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ ကျောင်းနေအရွယ်ကလေးတိုင်း‌ ကျောင်းတက်နိုင်ရေးဖြစ်ကြောင်း၊ ကလေးများ​​​ ကျောင်းလာ​ရောက် အပ်နှံ​ရေးအတွက်နှိုး​​ဆော်မှုများ​ ဆောင်ရွက်ရမည်ဖြစ်​ကြောင်း၊ က​လေးများကျန်းမာ​ပျော်ရွှင်စွာ ပညာသင်ကြားနိုင်​ရေး အတွက် ​ကျောင်းဖွင့်အမီ ​ကျောင်းသန့်ရှင်း​ရေးများ​ကို စု​ပေါင်းဆောင်ရွက်လျက်ရှိပါ​ကြောင်း၊ ဆရာ၊ ဆရာမများ အ​နေဖြင့်လည်း အခက်အခဲ ရှိပါက အချိန်မ​​​ရွေး ဆက်သွယ်အ​ကြောင်းကြားနိုင်ပါ​ကြောင်း အစရှိသည်ဖြင့်​ပြောကြားခဲ့သည်။ ဆက်လက်၍ တာဝန်ခံမြို့နယ် ပညာရေးမှူး ဆရာမကြီးဒေါ်‌ နီလာမော်က ပညာရေးအခြေအနေ၊ ကျောင်းအပ်နှံရေးနှင့် ကျောင်းဖွင့်လှစ်ခြင်းဆိုင်ရာများ ရှင်းလင်း‌‌ပြောကြားသည်။      

ထို့နောက် ကျောင်းသား / ကျောင်းသူ များအတွက် နိုင်ငံတော်မှအခမဲ့ ထောက်ပံ့ပေးသည့် ဗလာစာအုပ်နှင့် လှူဒါန်းပစ္စည်းများအား လမ်းမတော် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ  ဦးသက်‌နောင်ဖြူက ကျောင်းသား / ကျောင်းသူ များအားပေးအပ်ခဲ့ကြောင်း အခမ်းအနားသို့ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျောင်းအုပ် ဆရာ၊ ဆရာမကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြ​ပြီး၊ အ.ထ.က() ကျောင်းသား / ကျောင်းသူများမှ ဇာတိမာန်သီချင်းဖြင့် သီဆိုဖျော်ဖြေကာ၊ အခမ်းအနားကို၊  ရုပ်သိမ်းလိုက်ကြောင်း သတင်းရသည်။     

ကျော်ဆန်းမြင့်