မိတ္ထီလာ ဇွန် ၁
မိတ္ထီလာမြို့နယ်၌ အခြေခံပညာကျောင်းများ၊ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများရှိ အသက် ၅ နှစ်မှ ၁၂ အထိ ကျောင်းသူကျောင်းသားများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရသည်။
မြို့နယ်အတွင်းမှာရှိတဲ့ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများနဲ့ ကိုယ်ပိုင်ကျောင်းများမှာရှိတဲ့ အသက် ၅နှစ်မှ ၁၂ နှစ်အထိ ကျောင်းသူကျောင်းသားများကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးသွားမှာဖြစ်ပါတယ်။ ကျောင်းစတင်ဖွင့်လှစ်တဲ့ ဇွန်လ ၂ ရက်နေ့မှ၁၇ ရက်နေ့ထိ ထိုးနှံပေးသွားမှာဖြစ်ပြီး ဇွန်လ ၂ ရက်နေ့မှာ အလက လေ့ကျင့် ရေး ၄၆၅ ဦး၊ အလက ပြည်သာ ယာ ၃၆ဝ ဦး၊ အထကခွဲ အောင်ဇေယျာ၊ ၃၆ဝ ဦး၊ အထက ချည်စက် ၅၈ဝ ဦး၊ အထက(၅) ရှမ်းတဲ ၉ဝဝဦး၊ အထကမုန်တိုင် ၂၈၇ ဦး၊ အထကခွဲ တုံးအိုင် ၄ဝ၅ ဦး၊ အထက ခွဲ ကွက်ငယ်၊မူလွန် ဒဟတ္တန်း၊ အမက ( ၁၄၄ )မြောင်းပေါက် ၃ဝ၅ ဦး၊ အမက (၁၅၃) မကျီး၊ အမက (၆၂)ရှေ့ကန်နီ၊အမက(၁၂၈)ပျဉ်သာ-၂၊ ၂၁ဝ ဦး၊ အထက အလည်ရွာ၊ အမက(၂ဝဝ) အင်ကြင်းကုန်း၊ အမက (၂၂၆)ဆွာတော ၂ဝ၅ ဦး၊ အထကဖက် တော၊ အမက(၈ဝ) ညောင်ပင်လျှို၊ အမက(၁ဝ၄) အရာတော်၊ အမက ၂၂ဝ) မုံဇင်း ၂၇ဝဦး၊ အထက ညောင်ကိုင်း၊ အမက(၂၁၄) ဥယျာဉ် ၂၆၅ ဦး၊ အမက(၂ဝ၄) ညောင်လည်၊ အမက(၇ဝ)ဂွေးကုန်း၊ အလက ရှမ္မငယ်၊ အမက (၁၈၃) သစ်စိမ့်ပင် ၁၈၅ ဦး တို့ကို စတင်ထိုးနှံပေးသွားမှာဖြစ်ပါတယ် မြို့နယ်ပြည်သူ့ကျန်း မာရေးဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ နိုင်ငံတဝန်းရှိ အခြေခံပညာကျောင်းများနည်းတူ မိတ္ထီလာမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် မေလ ၂၆ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့ အထိကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ်သတ်မှတ်ပြီး ကျောင်းအပ်နှံရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကာ ဇွန်လ ၂ ရက်နေ့တွင် ကျောင်းများ စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်းသိရသည်။
ချမ်းသာ