Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ခန္တီးမြိုနယ်တွင် တိရစ္ဆာန်အစာပင်(နေပီယာမြက်)သရုပ်ပြ စိုက်ပျိုးခြင်း ပြုလုပ်
Jun 23,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အတွင်း မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေးနှင့် တိရစ္ဆာန်အစာ ပေါများစေရေးအတွက် ရည်ရွယ်ပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကြီးမှူး၍ တိရစ္ဆာန်အစာပင်(နေပီယာမြက်)သရုပ်ပြစိုက်ပျိုးခြင်းကို သာယာကုန်းကျေးရွာ၊ တောင်သူ ဦးငြိမ်းအောင်သူ၏ ခြံတွင် ယနေ့ နံနက်(၈)နာရီ အချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဖားဆောင်းမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်အစာ(နေဗီယာမြက်ပင်) သရုပ်ပြ စိုက်ပျိုးပွဲပြုလုပ်
Jun 23,2022
၂၀၂၂ ခုနှစ်၊ မိုးရာသီတိရစ္ဆာန်အစာပင် စိုက်ပျိုးခြင်း ရက်သတ္တပတ် အစီအစဉ်အရ ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မွေးမြူတိရစ္ဆာန်များ အစာရေစာရှားပါးမှုအန္တရာယ်မှ ကာကွယ်ရန်နှင့် အာဟာရပြည့်ဝသော မြက်မျိုးများကို စားသုံးစေခြင်းဖြင့် ကြီးထွားနှုန်းလျင်မြန်ကောင်းမွန်စေပြီး မိသားစုဝင်ငွေတိုးတက်ရရှိလာစေရန် ရည်ရွယ်၍ တိရစ္ဆာန်အစာနေ ဗီယာမြက်ပင် သရုပ်ပြစိုက်ပျိုးခြင်းကို ယမန်နေ့က ခဲမဖြူကျေးရွာ ဦးစောတင်လှ၏ယာမြေ(၁)ဧကတွင် ပြုလုပ်ခဲ့ရာ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာ ဇော်မြင့်အောင်နှင့် ဝန်ထမ်းများ၊ စိုက်ပျိုး တောင်သူများ တက်ရောက်စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေကူမြို့တွင် တရားဝင်မှတ်ပုံတင်ထားခြင်းမရှိသည့် ဆေးဝါးနှင့် ဆေးပစ္စည်းများ ဈေးကွက်အတွင်း ရောင်းဝယ်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Jun 23,2022
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့တွင် မြို့ပေါ်ရှိ မြန်မာတိုင်းရင်းဆေးဆိုင်များ၊ နိုင်ငံခြား ဆေးဝါးနှင့် ဆေးပစ္စည်း အရောင်းဆိုင်များ၌ တရားဝင်မှတ်ပုံတင်ထားခြင်းမရှိသည့် ဆေးဝါးနှင့် ဆေးပစ္စည်းများ ဈေးကွက်အတွင်း ရောင်းဝယ် နေမှု ရှိ/မရှိကို ယနေ့ နံနက် ၁၀ နာရီခန့်က မြို့နယ် တိုင်းရင်းဆေးဦးစီးဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ခိုင်ခိုင်လတ်၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးထွန်းလွင်၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သံဖြူဇရပ်၌ မိုးရာသီ တိရစ္ဆာန်အစာပင်(Taykuan) တေခူယံမြက် စိုက်ပျိုးပွဲကျင်းပ
Jun 23,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ ၂၀၂၂ ခုနှစ် မိုးရာသီ တိရစ္ဆာန် အစာပင် (Taykuan) တေခူယံမြက်စိုက်ပျိုးခြင်း အခမ်းအနားကို ဇွန် ၂၃ ရက် နံနက် နာရီက ၉ နာရီက ဝဲကလိကျေးရွာ အမှတ်(၄) တပ်မတော် တန်းမြှင့်လေ့ကျင့်ရေးကျောင်း စိုက်ပျိုးမွေးမြူရေးဇုန်တွင် ကျင်းပ ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
မလှိုင်မြို့နယ်တွင် အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်း ကျောင်းအခြေပြု ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံပြီးစီး
Jun 23,2022
မလှိုင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားလျက်ရှိသော အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူတို့အား ကျောင်းအခြေပြု ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအားထိုးနှံလုပ်ငန်း ရာနှုန်းပြည့် ထိုးနှံပြီးစီးကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပေါက်ခေါင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးသူများအား ထပ်ဆောင်း အကြိမ်(Booster Does) ထိုးနှံ
Jun 23,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးသူများအား ထပ်ဆောင်းအကြိမ် (Booster Does)ထိုးနှံပေးခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က မြို့လယ်လေးမျက်နှာဇာတ်ရုံတွင် စတင်ထိုးနှံပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
မြင်းခြံမြို့၊ လူထုအခြေပြုဗဟိုဌာနတွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး ဟောပြောပွဲပြုလုပ်
Jun 23,2022
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်း အမှတ်အဖြစ် မူးယစ်ဆေးဝါး အန္တရာယ်တားဆီးကာကွယ်ရေးဟောပြောပွဲကို ယနေ့နေ့လယ် (၁၂) နာရီအချိန်က ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပုလောမြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ…
Jun 23,2022
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယမန် နေ့ ညနေပိုင်းက ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
20222
Page
20223
Page
20224
Page
20225
Current page
20226
Page
20227
Page
20228
Page
20229
Page
20230
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department