အမြို့မြို့အနယ်နယ်သတင်းများ

Jun 24,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ဇွန် ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက် ၁၁ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Jun 24,2022
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန စီစဉ်ဆောင်ရွက်မှုဖြင့် လားရှိုးမြို့နယ် ဆုံကွယ်ကျေးရွာ တောင်သူ ဦးသန်းလွင်ခြံ၌ တိရစ္ဆာန်အစာပင်စိုက်ပျိုးခြင်းကို ဇွန်လ(၂၄)ရက် နံနက် (၈)နာရီက စတင်စိုက်ပျိုးကြောင်း သိရသည်။
Jun 24,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြိုအဖြစ် မူးယစ်ဆေးဝါး အန္တရာယ်လျော့ချရေးနှင့် မှုခင်းကျဆင်းရေး အသိပညာပေးရေး၊ နံရံကပ်ဓာတ်ပုံပြပွဲ၊ စာအုပ်ပြပွဲနှင့် ဟောပြောပွဲကို ယနေ့ နံနက် (၉) နာရီအချိန်က အင်းစိန်မြို့နယ်၊အ.ထ.က(၆) ကျောင်းရှိ ပညာတံခွန်ခန်းမတွင် ကျင်းပခဲ့သည်။
Jun 24,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံတက္ကသိုလ်၌ သဘာဝဘေးဆိုင်ရာအသိပညာပေး ဟောပြောပွဲကို ယမန်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။
Jun 24,2022
ကချင်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့မှ ဌာနဆိုင်ရာအဖွဲ့အစည်း ဝန်ထမ်းများအား ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို စွမ်းဆောင်ရည်မြင့်မားစွာဖြင့် ကျေပွန် စွာ ထမ်းဆောင်နိုင်စေရန် ရည်ရွယ်၍ ဇွန် ၂၀ ရက်နေ့မှ စတင်၍ (၅)ရက်ကြာ ဖွင့်လှစ်ခဲ့သည့် ပြည်နယ်တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းကျွမ်းကျင်မှု စွမ်းဆောင်ရည် မြှင့်တင်ရေး (ဆင့်ပွား)သင်တန်း (၁/၂၀၂၂) သင်တန်းဆင်းပွဲကို ယနေ့ နံနက် (၉)နာရီက ပြည်နယ် အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။