ပြင်ဦးလွင်မြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြိုဟောပြောပွဲနှင့် စာအုပ်ပြပွဲကျင်းပ

ပြင်ဦးလွင် ဇွန် ၂၄

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့်စာအုပ်ပြပွဲကို ယနေ့နံနက် ၉ နာရီက ပြင်ဦးလွင်မြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ၊ ကမ္ဘောဇဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေ့ဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ငုချိုချိုကျော်က မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်သည့် အကြောင်းအရာများ၊ မူးယစ် ဆေးဝါးအမျိုးအစားများနှင့် လူငယ်များအနေဖြင့် မူးယစ်ဆေး၏ဆိုးကျိုးများကြောင့် လူညွန့် တုံးခဲ့ရသည့် သာဓကများ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများကို စမ်းသပ်သုံးစွဲခြင်းမပြုသင့်ကြောင်းအကြောင်းအရာများ၊ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်တိုက်ဖျက်မှုဆိုင်ရာမူဝါဒ၊မဟာ ဗျူဟာနှင့်နည်းဗျူဟာများနှင့် မူးယစ်ဆေးဝါးရှောင်ကြဉ်ရန်များကို ဟောပြောခဲ့သည်။

ထို့နောက် မူးယစ်ဆေးအန္တရာယ်နှင့် မူးယစ်ဆေးဆန့်ကျင်ရေးဆိုင်ရာစာအုပ်များနှင့် ကျောင်းသားလူငယ်မောင်မယ်များအတွက် ဗဟုသုတရစေမည့် အခြားသောသုတ/ရသ စာအုပ်များအား လေ့လာဖတ်ရှုနိုင်ရေး ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)