ကျိုင်းတုံတက္ကသိုလ်၌ သဘာဝဘေးဆိုင်ရာ အသိပညာပေးဟောပြော

ကျိုင်းတုံ ဇွန် ၂၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံတက္ကသိုလ်၌ သဘာဝဘေးဆိုင်ရာအသိပညာပေး ဟောပြောပွဲကို ယမန်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် ကျိုင်းတုံတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာစမ်းစမ်းမာက ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် သဘာဝဘေးနဲ့ ပတ်သက်၍ ဗဟုသုတများရရှိစေရန် ဟောပြောပွဲပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားပြီး ကျိုင်းတုံခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်မောင်မောင်ဝင်း က သဘာဝဘေးကြုံတွေပါက ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ကြိုတင်ကာကွယ်ခြင်း နည်းလမ်းများ၊ ဆောင်ရန်ရှောင်ရန်အချက်များကို လက်တွေ့သရုပ်ပြဟောပြောပြီး သဘာဝဘေးဆိုင်ရာ အသိပညာပေး လက်ကမ်းစောင်များဖြန့်ဝေပေးခဲ့​ကြောင်း သိရသည်။

အောင်ဇင်မြင့် (ပြန်/ဆက်)