Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပုသိမ်တက္ကသိုလ် ဘာသာရပ်ပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
Jun 25,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပုသိမ်တက္ကသိုလ် ဘာသာရပ်ပေါင်းစုံ ပိုက်ကျော်ခြင်းဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားအား ယမန်နေ့နံနက် ၈ နာရီခွဲအချိန်က ပုသိမ်တက္ကသိုလ်၊ မိုးလုံလေလုံ အားကစားခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပြိုင်ပွဲဝင်အားကစားသမားများ၊ ကျောင်းသားကျောင်းသူများ တက်ရောက်အားပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဒေးဒရဲမြို့၌ ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့် ငွေလုံးငွေရင်းလုပ်ငန်းများ၏ ကန့်သတ်မှုမရှိသော တင်ဒါဖွင့်ပွဲအခမ်းအနား ကျင်းပ
Jun 25,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စည်ပင်သာယာရေးကော်မတီက ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့် ငွေလုံးငွေရင်းလုပ်ငန်းများ၏ ကန့်သတ်မှုမရှိသော တင်ဒါဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီခွဲက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဧရာဝတီတိုင်း၏ မြို့တော်ပုသိမ်မြို့ကြီးအား “CLEAN CITY” ဖြစ်ရေးအတွက် စုပေါင်းသန့်ရှင်းရေးနှင့် ရေနုတ်မြောင်းတူးဖော်ခြင်းနှင့် ပလပ်စတစ်ကမ်ပိန်း လုပ်ငန်…
Jun 25,2022
ဧရာဝတီတိုင်း၏ မြို့တော်ပုသိမ်မြို့ကြီးအား “CLEAN CITY” ဖြစ်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်တိုင်းတွင် ဆောင်ရွက်လျက်ရှိနေပြီး ယနေ့တွင် ပုသိမ်မြို့နယ်အတွင်းရှိ တိုင်း/ခရိုင်နှင့် မြို့နယ်ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့များမှ ယနေ့ ၂၅.၆.၂၀၂၂ နေ့ နံနက်ပိုင်း အချိန်မှစကာ စုပေါင်းသန့်ရှင်းရေးကို အပတ်စဉ်စနေနေ့တိုင်းဆောင်ရွက်လျက် ရှိကြသည်။
အပြည့်အစုံ ဖတ်ရန်
ဆင်ပေါင်ဝဲမြို့နယ်မီးသတ်ဦးစီးဌာနမှ ရေစိုလေ့ကျင့်ခန်း(Wet Drill)အား စနစ်တကျလေ့ကျင့်ခြင်းလုပ်ငန်းများဆောင်ရွက်
Jun 25,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် မီးသတ်ဦးစီးဌာနဦးစီးမှူး ဦးဆန်းဝင်း၏ လမ်းညွှန်မှုဖြင့် မြို့နယ်မီးသတ်စခန်းမှူး ဦးသန်းဌေးအောင်နှင့် တပ်ဖွဲ့ဝင်များ ပြည်သူလူထု၏ အသက်အိုးအိမ်များ၊ နိုင်ငံတော်အတွင်းရှိ ကုန်ထုတ်အရင်းအနှီးများကို မီးဘေးအန္တရာယ်မှ တားဆီးကာကွယ်ရေးလုပ်ငန်းစဉ်နှင့် သဘာဝဘေးအန္တရာယ်အပါအဝင် အခြားသောဘေးအန္တရာယ်များကျရောက်သည့်အခါ အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်တတ်စေရန်၊ မီးသတ်စက်ကြီး၊ မီးသတ်စက်ကလေးတို့ကို ထိရောက်လျင်မြန်စွာ ကိုင်တွယ်အသုံးပြုတတ်စေရန် ရည်ရွယ်၍ ယမန်နေ့က ဆင်ပေါင်ဝဲမြို့၊ အမှတ်(၃) ရပ်ကွက်၊ ဧရာဝတီမြစ်ဆိပ်တွင် ရေစိုလေ့ကျင့်ခန်း(Wet Drill)အား စနစ်တကျ လေ့ကျင့်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
မတ္တရာမြို့နယ်၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ကုန်ထုတ်လမ်းနှစ်ခု အကောင်အထည်ဖော် ဆောင်ရွက်သွားမည်
Jun 25,2022
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ကုန်ထုတ်လမ်းနှစ်ခု အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန်လ ၂၃ ရက်နေ့ နံနက်ပိုင်းက အဆိုပါရုံးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း တောင်ကြီးတက္ကသိုလ်၌ ပြုလုပ်သည့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် တက်ရောက်စိုက်ပျိုး
Jun 25,2022
ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရန် ဇီဝဂေဟစနစ် ထိန်းသိမ်းနိုင်ရန်၊ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ဆရာမများ တက်ကြွစွာပူးပေါင်းပါဝင်လာစေရန် ရည်ရွယ်ပြီး တောင်ကြီးတက္ကသိုလ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်(၉)နာရီက တောင်ကြီးမြို့၊ တောင်ကြီးတက္ကသိုလ်ဝင်း အတွင်းရှိ မောဧကရီ အဆောင်ရှေ့၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ပင်လောင်းမြို့နယ်အတွင်း နွားများ လွှတ်ကျောင်းခြင်းစနစ်မှ ခြံလှောင်စနစ်သို့ ပြောင်းလဲ မွေးမြူနိုင်ရန် မူလတို မြတ်မျိုးစေ့များ အခမဲ့ဖြန့်ဝေ
Jun 25,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်အတွင်း နွားများ လွှတ်ကျောင်းခြင်းစနစ်မှ ခြံလှောင်စနစ်သို့ ပြောင်းလဲမွေးမြူနိုင်ရန်အတွက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများက ၂၀၂၂ခုနှစ် မိုးရာသီတိရစ္ဆာန်အစာပင် စိုက်ပျိုးခြင်း ရက်သတ္တပတ်အစီအစဉ်ဖြင့် လိုအပ်သော တိရစ္ဆာန်အစာပင် လုံလောက်စွာ ရရှိစေရန်အတွက် မူလတို မြတ်မျိုးစေ့များကို ဘန့်ပြင်ကျေးရွာအုပ်စု နောင်ကာမှီးကျေးရွာ၌ ယနေ့တွင် ကျေးရွာအရောက် အခမဲ့ဖြန့်ဝေစိုက်ပျိုးသည်။
အပြည့်အစုံ ဖတ်ရန်
(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဗဟိုအဆင့်တွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေး တတိယအကြိမ် လုပ်ငန်းညှိနှိုင်းဆွေးနွေး
Jun 25,2022
(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဗဟိုအဆင့်တွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေး တတိယအကြိမ် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)၌ ယမန်နေ့ ၉ နာရီခွဲအချိန်က ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်၊ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်တွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေးဦးစီးကော်မတီဝင်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
20178
Page
20179
Page
20180
Page
20181
Current page
20182
Page
20183
Page
20184
Page
20185
Page
20186
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department