အမြို့မြို့အနယ်နယ်သတင်းများ

Jun 29,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်က အနာဂတ် ကလေးငယ်များ ဉာဏ်ရည်ဖွံ့ဖြိုးစေရေးအတွက် နွားနို့နှင့် ကြက်ဥများ တိုက်ကျွေးခဲ့ကြောင်း သိရသည်။
Jun 29,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်၌ အများစုမှာ စိန်တလုံးသရက်သီးကိုသာ အဓိကထားစိုက်ပျိုးကြပြီး၊ အမျိုးအစားမတူသည့် သရက်ခြံများလည်း စိုက်ပျိုးထားရှိရာ
Jun 29,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ စမ်းသီတာ‌ကျေးရွာ‌နေ တောင်သူ ဦးစိုင်းထွန်းခင်၏ ယာမြေနေရာတွင် တိရစ္ဆာန်အစာပင် နေပီယာသရုပ်ပြစိုက်ပျိုးခြင်းကို ယမန်နေ့နံနက်(၉)နာရီခွဲက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်တိရစ္ဆာန် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာသိန်းသန်းဝင်းတို့က ကွင်းဆင်းကြည့်ရှုစိုက်ပျိုးခဲ့ကြောင်း သိရသည်။
Jun 29,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ဘော်ကြိုကျေးရွာအုပ်စု၊ ဘော်ကြိုကျေးရွာ ဒေါ်နန်းဌေး၏ယာမြေတွင် စိုက်ပျိုးထားသော မိုးနေကြာမျိုးစေ့ထုတ်စိုက်ခင်းအား စိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများမှ ယမန်နေ့ နံနက်(၁၁)နာရီက ကွင်းဆင်းကြည့်ရှု၍ အဆိုပါစိုက်ခင်းတွင် ဒေသခံတောင်သူများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
Jun 28,2022
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီးညွှန်ကြားရေးမှူး ဦးမြင့်ခိုင်၊ သာယာဝတီခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သူဇာအောင်၊ လက်ပံတန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းလှိုင်နှင့်အဖွဲ့ဝင်များ
Jun 28,2022
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ယနေ့နေ့လည် ၂ နာရီက ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်ရှိ မြို့နယ်အားကစားကွင်းအား ကြည့်ရှုစစ်ဆေးခဲ့သည်။
Jun 28,2022
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ယနေ့နံနက် ၁၁ နာရီ ၅၀ မိနစ်အချိန်ခန့်က ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ အောင်တံခွန်အားကစားကွင်းအတွင်း တည်ဆောက်ထားသည့် မိုးလုံလေလုံဘက်စုံအားကစားခန်းမအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
Jun 28,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပျဉ်းမနားမြို့နယ်အရှေ့ခြမ်း တောင်ပေါ်ဒေသခံပြည်သူများအား မိသားစုဝင်ငွေတိုးတက်ရရှိစေရေးအတွက် တန်ဖိုးမြှင့်ဝါးစိုက်ပျိုးထုတ်လုပ်ခြင်းသင်တန်းကို ဇွန်လ(၂၆)ရက်နေ့က မြသီတာကျေးရွာတွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။