အမြို့မြို့အနယ်နယ်သတင်းများ

Jul 07,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community center)တွင် ယနေ့နံနက် ၉ နာရီက အလှူငွေနှင့် ပစ္စည်းများပေးအပ်လှူဒါန်းပွဲပြုလုပ်ကြောင်း သိရသည်။
Jul 07,2022
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့စည်ပင်သာယာရေးအဖွဲ့မှ မြို့နယ်အတွင်းရှိ ပန်းခြံများနှင့် မြို့နယ်အတွင်း သန့်ရှင်းသာယာလှပစေရေးအတွက် အရေးပေါ်ရေဖြည့်တင်းအသုံးပြုနိုင်ရန် မြို့နယ်စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်မြင့် ဦးဆောင်ကြီးကြပ်၍ ဆင်ဖြူကျွန်းမီးသတ်စခန်းတို ့ပူးပေါင်းကာ မြို့နယ်အတွင်းရှိ ရေလှောင်ကန်များရေဖြည့်ခြင်းနှင့် စိုက်ပျိုးထားသည့် ပန်းအလှပင်များကို ရေလောင်းခြင်း၊ ရေဖြန်းခြင်းများပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jul 07,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ မင်းကင်းမြို့နယ် သစ်တောဦးစီးဌာနမှ ပတ်ဝန်းကျင်သာယာလှပရေးအတွက် မိုးရာသီ စုပေါင်း သစ်ပင်စိုက်ပျိုးပွဲကို သလဘာကျေးရွာအနီး၊ ကလေး၊ မင်းကင်း၊ ယာကြီး၊ မုံရွာကားလမ်းဘေးဝဲယာ၌ ယနေ့ နံနက်(၇)နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jul 07,2022
ကရင်ပြည်နယ် ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ဝင်းစိန်ကျေးရွာတွင် ဗုဒ္ဓဘာသာတို့၏ ဝါဆိုလအတွင်း ကုသိုလ်တရားများရရှိရေးအတွက် ဝါဆိုသင်္ကန်းကပ်လှူပူ ဇော်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ဝင်းစိန်ကျေးရွာ ကျိုက်မုထောစေတီဘုန်းတော်ကြီးကျောင်း၌ ဆောင်ရွက်ခဲ့သည်။
Jul 07,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက်အာဇာနည်နေ့ အကြိုအထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
Jul 07,2022
တောင်ငူတက္ကသိုလ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ဘာသာရပ်ပေါင်းစုံ စားပွဲတင်တင်းနစ် ပြိုင်ပွဲကို ယနေ့တွင် တောင်ငူတက္ကသိုလ်မိုးလုံလေလုံအားကစားရုံ၌ စတင်ကျင်းပရာ ဘာသာရပ်ဌာနများမှ ကျောင်းသား(၃၁)ဦး၊ ကျောင်းသူ(၁၀)ဦး စုစုပေါင်း(၄၁)ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ကစားလျက်ရှိကြောင်း သိရသည်။
Jul 07,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာနှင့် ဆောင်းပါးပြိုင်ပွဲကို ယနေ့နေ့လည် ၁ နာရီခွဲ က အဆိုပါကျောင်းရှိ သရဖီခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။
Jul 07,2022
ပြည်သူများအနေဖြင့် သစ်တောသစ်ပင်များ၏တန်ဖိုးကို အလေးထားသိရှိနားလည်နိုင်စေရေးနှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်း စိုပြေရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ အရိပ်အာဝါသနှင့် မျက်စိပသာဒအကျိုးများရရှိစေရေးတို့ကို ရည်ရွယ်၍ ယနေ့နံနက် (၈) နာရီခွဲက တနင်္သာရီတိုင်း ဒေသကြီး၊ ထားဝယ်မြို့၊ ထားဝယ်တက္ကသိုလ်ဝင်းအတွင်း၌ ၂၀၂၂-ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင်စိုက် ပျိုးပွဲတော်အား ကျင်းပခဲ့ကြောင်းသိရသည်။