အမြို့မြို့အနယ်နယ်သတင်းများ

Jul 07,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်အတွင်း စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍ ဖွံဖြိုးတိုးတက်ရေးအတွက် ကျေးရွာများအရောက်ကွင်းဆင်း၍ ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ
Jul 07,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ကျန်းမာရေးဦးစီးဌာနမှ  အသက်(၂)လမှတစ်နှစ်ခွဲကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးခြင်းကို အမှတ်(၇)ရပ်ကွက်၊ ဒေသန္တရကျန်းမာရေးဌာနခွဲတွင် ယနေ့နံနက် ၉ နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့သည်။
Jul 07,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီးအရာရှိ ဒေါ်၀င်း၀င်းသန်းနှင့်၀န်ထမ်း များက ကျောင်းသား၊ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရေး အမှား၊ အမှန်​ဝေဖန်ပိုင်းခြားတတ်စေရန်၊ ဉာဏ်ပညာထက်မြက် တိုးတက်စေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးအနေဖြင့် ယနေ့မွန်းလွဲ(၁)နာရီက ကသဲစုအခြေခံပညာအထက်တန်းကျောင်းတွင်အသိပညာပေးဟောပြောပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲများ ကျင်းပခဲ့ကြောင်း သိရသည်။
Jul 07,2022
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အခြေခံစက်ချုပ်သင်တန်းကို ကမ္ဘားကြီးကျေးရွာ ဓမ္မာရုံ၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
Jul 07,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်အခြေခံပညာ မူလတန်းလွန်ကျောင်း(ကသစ်တန်း)တွင် (၇၅)နှစ်မြောက်အာဇာနည်နေ့အကြောင်း ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
Jul 07,2022
ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကကြီးမှူး၍ ပြင်ဦးလွင်မြို့နယ်၊ သမဝါယမဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော အခမ်းအနားမှူးသင်တန်း(၁/၂၀၂၂)ကို ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ယနေ့နံနက် ၁၀ နာရီမှ ၁၂ အထိ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
Jul 07,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက် ၉ နာရီက အွန်လိုင်းပုံပြင်ပြောပြိုင်ပွဲ အစီအစဉ်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော ပြည်ခရိုင်ကိုယ်စားပြု ဒုတိယဆုရရှိ ကျောင်းသားအား မြို့နယ်ပညာရေးမှူးက ဂုဏ်ပြုဆုငွေချီးမြှင့်ခဲ့ကြောင်း သိရသည်။