Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မချမ်းဘော့မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (၂) ကြိမ် ထိုးနှံပြီးသူများအား Booster Dose ထပ်ဆောင်း နှင့် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ…
Jul 08,2022
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (၂)ကြိမ် ထိုးနှံပြီးသူများအား Booster Dose ထပ်ဆောင်း ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းတွင် မချမ်းဘော့မြို့ မြို့မဈေးနှင့် အထက မချမ်းဘော့ကျောင်းတွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပုဗ္ဗသီရိမြို့နယ်၊ အမှတ်(၁၃)အခြေခံပညာအထက်တန်းကျောင်း၌ ငလျင်အသိပညာပေး ဟောပြောပွဲနှင့် ငလျင်ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားကျင်းပ
Jul 08,2022
မြန်မာနိုင်ငံအတွင်း ဖြစ်ပွားလျက်ရှိသော သဘာဝဘေးအန္တရာယ်များအနက်မှ ငလျင်ဘေးအန္တရာယ်သည် ကြိုတင်ခန့်မှန်း၍ မရသည့်အပြင် ထိခိုက်ပျက်စီးဆုံးရှုံးမှုများပြားသည့် ဘေးအန္တရာယ်(၁)ခုဖြစ်ပြီး ငလျင်ဘေးဖြစ်ပွားလာပါက မည်သို့တုံ့ပြန်ဆောင်ရွက်ရမည်ကို သိရှိလိုက်နာ ဆောင်ရွက်ခြင်းဖြင့် ထိခိုက်ဆုံးရှုံးမှု လျော့နည်းစေရန်အတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ ငလျင်အသိပညာပေးဟောပြောပွဲနှင့် ငလျင်ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့နေ့လယ် (၁)နာရီခွဲအချိန်က ပုဗ္ဗသီရိမြို့နယ်၊ အမှတ်(၁၃) အခြခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့ပါသည်။
အပြည့်အစုံ ဖတ်ရန်
ထားဝယ်မြို့တွင် (၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဗဟိုအဆင့်ပြိုင်ပွဲများ ကျင်းပရေးလုပ်ငန်း ကော်မ…
Jul 08,2022
(၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်ပြိုင်ပွဲများ ကျင်းပရေးလုပ်ငန်းကော်မတီညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ပေါင်းတည်မြို့နယ် ကန်ငယ်အုပ်စု၊ သာကတိုးကွေ့ကျေးရွာတွင် စိုက်ပျိုးရေးမွေးမြူရေးကဏ္ဍများနှင့် ဒေသဖွံ့ဖြိုးရေး အသိပညာပေးကွင်းဆင်းဆောင်ရွက်
Jul 08,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်မြင့်မားရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ကြီးကြပ်မှုကော်မတီဝင်ဌာနဆိုင်ရာများက ယမန်နေ့ နံနက်ပိုင်းက ကန်ငယ်အုပ်စု၊ သာကတိုးကွေ့ကျေးရွာသို့ အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဖျာပုံမြို့၌ Door to Door စနစ်ဖြင့် ရပ်ကွက်/ကျေးရွာများသို့ အိမ်ထောင်စုစာရင်းများ ကွင်းဆင်းကောက်ယူဆောင်ရွက်
Jul 08,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ ဖျာပုံမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ် ဦးစီးမှူး ဦးဇော်လွင်နှင့် ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်စုများတွင် Door to Door စနစ်ဖြင့် ရပ်ကွက်/ကျေးရွာများသို့ အိမ်ထောင်စုစာရင်းများ ကွင်းဆင်းကောက်ယူ ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်းမှ စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မအူပင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်၊ မိုးစပါးရာသီ အထွက်နှုန်းတိုးမြှင့်ရန် စံပြဧက (၁၀၀)ရှိ တောင်သူများအား ဓာတ်မြေဩဇာနှင့် စိုက်ပျိုးရေးစရိတ် ထောက်ပံ့…
Jul 08,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနသည် ၂၀၂၂-၂၀၂၃ မိုးစပါး ရာသီတွင် တစ်ဧကလျှင် အထွက်နှုန်း တင်း(၁၀၀)ထွက်ရှိရေးအတွက် ဧက(၁၀၀) စံပြကွက်ရှိ တောင်သူများအား ဓာတ်မြေဩဇာနှင့် စိုက်ပျိုးရေးစရိတ် ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို မအူပင်မြို့နယ် ငါးကြီးဂရက်ကျေးရွာအုပ်စု၊ နည်းပညာပြန့်ပွားရေး စင်တာတွင် ဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ကျောင်းသား၊ ကျောင်းသူများအား ဆက်လက်ထိုးနှံ
Jul 08,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၊ ပြည်လမ်းအရှေ့ရပ်ကွက်၊ မြို့မကျောင်းလမ်းရှိ အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းတွင် ယနေ့နံနက်၀၉:၀၀ နာရီမှ ၁၁:၂၅ နာရီအချိန်ထိ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးပေးခြင်း ဆောင်ရွက်ခဲ့သည် ။
အပြည့်အစုံ ဖတ်ရန်
ကမမောင်းမြို့၌ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်ရောဂါ" ကြိုတင်ကာကွယ်ရေး အရှိန်အဟုန်မြှင့် အသိပေးနှိုးဆော်
Jul 08,2022
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါကူးစက်ပြန့်ပွားမှုကို ကြိုတင်ကာကွယ် တားဆီးနိုင်ရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းများကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဝန်ထမ်းများက နေ့စဉ်အရှိန်အဟုန်မပျက် နှိုးဆော်ပေးခြင်းကို ယနေ့နံနက် (၉) နာရီအချိန်က ရပ်ကွက်များအတွင်း လှည့်လည် အသိပေး နှိုးဆော်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
20049
Page
20050
Page
20051
Page
20052
Current page
20053
Page
20054
Page
20055
Page
20056
Page
20057
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department