Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
အလုံမြို့နယ်တွင် အခြေခံပညာအဆင့် ကျောင်းသား၊ သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံ
Jul 08,2022
ကျောင်းနေအရွယ်ကလေးတိုင်းကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရန်အတွက် ရည်ရွယ်ကာ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ ယမန်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်း၌ ၅ နှစ်မှ ၁၂ အထိ ကျောင်းသား၊ ကျောင်းသူ(၂၀၅)ဦးအား ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းနှင့် ၁၂ နှစ်မှ ၁၈ နှစ်အထိ ကျောင်းသား၊ ကျောင်းသူ(၁၈၃)ဦးအား ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေးပြီး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ(၃၈၈)ဦးအား ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး မုက္ကဒိကျေးရွာ Smart village စီမံကိန်း ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များ၊ ရပ်မိရပ်ဖများနှင့်တွေ့ဆုံ၊ ကျေးရွာဖွံ့ဖ…
Jul 08,2022
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ဘားအံ မြို့နယ်မုက္ကဒိကျေးရွာ Smart village စီမံကိန်း ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များ၊ ရပ်မိရပ်ဖများနှင့်တွေ့ဆုံ၍ ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဘိုကလေးပညာရေး ဒီဂရီကောလိပ်တွင် ကျောင်းနှင့်ဝန်းကျင် စိမ်းလန်းစိုပြေရေးနေ့ အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲကျင်းပ
Jul 08,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ ဘိုကလေးပညာရေး ဒီဂရီကောလိပ်တွင် ယမန်နေ့ ညနေ (၅)နာရီအချိန်၌ ကျောင်းနှင့်ဝန်းကျင် စိမ်းလန်းစိုပြေရေးနေ့ အထိမ်းအမှတ်အဖြစ် သစ်ပင်စိုက်ပျိုးပွဲ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
သင်္ဃန်းကျွန်းကြီးစံပြကျေးရွာမင်္ဂလာစျေး၌ သတိပြုစရာ ကျွဲ၊ နွား၊ အရေပြား အကျိတ်နာရောဂါ လက်ကမ်းစာစောင်(အခမဲ့)ဖြန့်ဝေခြင်းနှင့် အသိပညာပေး နံရံကပ်ပိုစတာမ…
Jul 08,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင် မင်္ဂလာဒုံမြို့နယ် သင်္ဃန်းကျွန်းကြီးစံပြ ကျေးရွာအတွင်းရှိ မင်္ဂလာစျေး၌ စျေးဝယ်သူများနှင့် စျေးရောင်းသူများအား မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှဒေါက်တာဒေါ်နေခြည်နွေးနှင့်ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီ စျေးတာဝန်ခံ ဒေါ်သိင်္ဂီဇော်တို့က ယနေ့နံနက်( ၉)နာရီ(၃၀)အချိန်က သတိပြုစရာ ကျွဲ ၊နွား၊ အရေပြားအကျိတ်နာရောဂါ လက်ကမ်းစာစောင်(အခမဲ့)ဖြန့်ဝေခြင်းနှင့် အသိပညာပေး နံရံကပ်ပိုစတာများပြသခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ်ဝန်ကြီးချုပ် အသက် (၅)နှစ်မှ (၁၂)နှစ်အောက် ကျောင်းသားကလေးငယ်များအား ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးနေမှုကို ကြည့်ရှုအားပေး
Jul 08,2022
ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဦးတည်အုပ်စုအလိုက် ကိုဗစ်ကာကွယ်ဆေးများ လွှမ်းခြုံထိုးနှံပေးလျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီခွဲက မြစ်ကြီးနားမြို့ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း၌ အသက်(၅)နှစ်မှ အသက် (၁၂)နှစ်အောက် ကျောင်းသားကလေးငယ် များအား ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးနေမှုကို ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဖျာပုံမြို့ အထက-၂ကျောင်းတွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Jul 08,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ ကာယ၊ ဉာဏ၊ စာရိတ္တ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က ဖျာပုံမြို့ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၊ ရတနာခန်းမ၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ငပုတောမြို့တွင် (၇၅) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို အခြေခံပညာ အလယ်တန်းအဆင့်၊ မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲကျင်းပ
Jul 08,2022
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို အခြေခံပညာ အလယ်တန်း၊ မူလတန်း အဆင့် စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့ နံနက်က ငပုတောမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ငပုတောမြို့၌ အသက် (၅)နှစ်မှ (၁၂)နှစ်အထိ ကလေးများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂)တို့မှ…
Jul 08,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် အသက်(၅) နှစ်မှ (၁၂)ကြား ကလေးများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ငပုတောမြို့ အနောက်ပိုင်းရပ်ကွက် အခြေခံပညာမူလတန်း ကျောင်း အမက-(၄)နှင့် ဘုံကျော်ဘုန်းတော်ကြီး ပညာသင်ရေးကျောင်းတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဗိုလ်မှူး ဖြိုးသူရကျော်နှင့် အဖွဲ့ဝင် (၂ )ဦးသန်းဦးတို့မှ သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
20050
Page
20051
Page
20052
Page
20053
Current page
20054
Page
20055
Page
20056
Page
20057
Page
20058
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department