အမြို့မြို့အနယ်နယ်သတင်းများ

Jul 07,2022
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်တွင် ဝါဝင်ကန်တော့ပွဲအား နှစ်စဉ် ဝါမဝင်ခင် ဝါဆိုလဆန်း (၇)ရက်၊ (၈)ရက်နေ့များ၌ ကျင်းပလျက်ရှိရာ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လတွင်
Jul 07,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre(လူထုအခြေပြုဗဟိုဌာန)တွင် ကျောင်းသားကျောင်း သူလေးများ အသိပညာဗဟုသုတများ တိုးပွားပြီး လေ့လာမှတ်သားနိုင်မှု စွမ်းရည်များရရှိနိုင်စေရန်အတွက် ဖတ်မှတ်စွမ်းရည်နှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ယနေ့နံနက်(၁၀)နာရီက ကျင်းပခဲ့သည်။
Jul 07,2022
သဲကုန်းမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားလာစေရေးအတွက် ဒေသခံပြည်သူများနှင့်တွေ့ဆုံကာ အသိပညာပေး ဆွေးနွေးပွဲကို ဌာနများပူးပေါင်း၍ ယမန်နေ့ နေ့လယ်၁နာရီက ကရင်ကုန်းအုပ်စု ကရင်ကုန်းရွာဒီပါအေး ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Jul 07,2022
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်ရှိ အခြေခံပညာကျောင်းများမှ အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်းရှိ ကျောင်းသားကျောင်းသူများအား ကိုဗစ်- ၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိရာ ဇူလိုင် ၇ ရက်နံနက် ၉ နာရီက အမှတ်(၂) အခြေခံပညာမူလတန်းလွန်ကျောင်းနှင့် အမှတ်(၄) မူလတန်းကျောင်းတို့၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Jul 07,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲတွင် ၂၀၂၂ ခုနှစ်၊   မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများအား ငါးထပ်ကြီးဘုရားရင်ပြင်တော်တွင် ယနေ့နံနက်(၉)နာရီက ဆက်လက်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
Jul 07,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင် မြို့နယ်လုံးကျွတ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လွှမ်းခြုံနိုင်ရေး စုရပ်များအလိုက် ကာကွယ်ဆေးများကို ဆက်လက် ထိုးနှံပေးလျက်ရှိရာ ယမန်နေ့က  မြို့နယ်အတွင်းရှိ ကျေးရွာစုရပ်များ၌ လည်းကောင်း၊ အခြေခံပညာ ကျောင်းများ၌လည်းကောင်း၊ ကျန်းမာရေးဝန်ထမ်းများက ကွင်းဆင်၍ ဆေးထိုးနှံပေးခဲ့သည်။
Jul 07,2022
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူးပြီး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ အခမ်းအနားမှူးသင်တန်းကို ဇူလိုင်လ ၇ရက် နံနက် ၁၀နာရီအချိန်က ဖွင့်လှစ်သင်ကြားသည်။  
Jul 07,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ၊ ခြင်ဆေးဖျန်းခြင်း လုပ်ငန်းများအား ယနေ့ နံနက်ပိုင်းက ဆူးကလပ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။