အမြို့မြို့အနယ်နယ်သတင်းများ

Jan 01,2022
ကရင်ပြည်နယ်၏ အထင်ကရဖြစ်သော ဇွဲကပင်တောင်၏ ပြုပြင်ဖန်တီးထားခြင်းမရှိသော သဘာဝအလှအပများကို သိရှိခံစားနိုင် စေရန်၊ ခြေလျင်တောင်တက်အားကစားကို လူအများ စိတ်ပါဝင်စားလာစေရန်နှင့် အဆိုပါ အားကစားနည်းအား လေ့လာလိုက်စား ဆောင်ရွက်ခြင်းဖြင့် ပြည်နယ်သူ၊ ပြည်နယ်သားများ ပိုမိုကျန်းမာကြံ့ခိုင် လာစေရန်ရည်ရွယ်၍ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဇွဲကပင်တောင်တက်/တောင်ဆင်း ပြိုင်ပွဲကို ယနေ့နံနက် ၆ နာရီခန့်က ဇွဲကပင်အရှေ့ခြမ်း၊ သစ်ချကျေးရွာ၊ တံတားဖြူမှ စတင်တာလွှတ် ယှဉ်ပြိုင်ခဲ့ကြသည်။
Jan 01,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ၂၀၂၂ ခုနှစ်၊ နိုင်ငံတကာနှစ်သစ်ကူးတွင် ဘေးအန္တရာယ်ကင်းဝေးစေရန်နှင့် ကိုဗစ်-၁၉ ကပ်ရောဂါ ကင်းဝေးစေရန် သံဃာတော်များအား နှစ်ဦးဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
Jan 01,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်ရှိ ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော်ရှိ ဆိပ်ကမ်းလုပ်သားပေါင်းစုံဓမ္မာရုံကြီး၌ (၄၈)ကြိမ်မြောက် အသံမစဲ ပိဋကတ်သုံးပုံ ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲကို ယမန်နေ့နံနက်ပိုင်းတွင် ပြုလုပ်ရာ နိုင်ငံတော်သံဃမဟာနာယက ဒုတိယဥက္ကဋ္ဌ၊ ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ဦး စေတီတော် ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ ဓမ္မရောင်ခြည် ဆရာတော် ဘဒ္ဒန္တအဂ္ဂဓမ္မ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဂေါပကအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
Jan 01,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်​ခရိုင်၊ ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ( ၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပ ပြုလုပ်ခဲ့သည်။
Jan 01,2022
ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ်ရှိ ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦး စေတီတော်ရှိ ဆိပ်ကမ်း လုပ်သားပေါင်းစုံ ဓမ္မာရုံကြီး၌ (၄၈) ကြိမ်မြောက်
Jan 01,2022
၂၀၂၂ခုနှစ် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကလပ်ပေါင်းစုံ ပိုက်ကျော်ခြင်း ပြိုင်ပွဲအား လားရှိုး မြို့ ရပ်ကွက် (၁၂) ပြည်ထောင်စုအားကစားကွင်း၊ မိုးလုံလေလုံအားကစားရုံ၌ ယနေ့ နံနက် (၉) နာရီအချိန်က စတင် ကျင်းပကြောင်း သိရှိရသည်။
Jan 01,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ၂၀၂၂ ခုနှစ်ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်မည့် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ ကိုဖျာပုံ