အမြို့မြို့အနယ်နယ်သတင်းများ

Dec 18,2021
ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ် အတွင်းရှိ ပြည်သူများအား သီရိမင်္ဂလာခန်းမနှင့် အခြားဆေးထိုးစုရပ် (၁၀)နေရာတို့တွင်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်နှင့် ဒုတိယအကြိမ်တို့ကို သတ်မှတ်ရက်များအလိုက် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
Dec 18,2021
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ မူလတန်း ပုဂံကျောင်းတို့ပူးပေါင်း၍ ဒီဇင်ဘာ (၁၆)ရက်နေ့က ချောက်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြုဗဟိုဌာန၊(Community Centre) ခန်းမ၌ ၇၄နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အကြိုအားကစား ပြိုင်ပွဲနှင့် ဆုပေးပွဲ ကျင်းပ ပြုလုပ်ခဲ့သည်။
Dec 18,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဒက္ခိဏခရိုင်၊ ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံးရှေ့တွင် ယမန်နေ့ မွန်းလွဲ (၃)နာရီတွင် ပြည်သူများအား နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ လုပ်ငန်းဆောင်ရွက်ချက်များကို သိရှိစေရန် ရည်ရွယ်၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်အား နံရံကပ်ပြဘုတ် ပြသ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Dec 18,2021
မကွေးတိုင်းဒေသကြီး သရက်မြို့နယ် ကိုးပင်ကျေးရွာအုပ်စု မုဉ္ဇလီကျေးရွာ၌ သရက်မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ (၂၀၂၁-၂၀၂၂) ဘဏ္ဍာရေးနှစ်အတွက် ဒေသနွားမျိုးကောင်း မျိုးသန့် ဒုတိယအကြိမ် လက်ဆင့်ကမ်းဖြန့်ဖြူးခြင်း အခမ်းအနားကို ဒီဇင်ဘာ ၁၆ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။
Dec 18,2021
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ်၌ ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသည့် ပြည်သူများနှင့် အသက်(၁၂)နှစ် အထက်ကျောင်းသားကျောင်းသူများအား ဆေးထိုးစုရပ် အသီးသီး၌ တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopham) ထိုးနှံပေးခြင်းအား ဆက်လက် ထိုးနှံပေးလျက်ရှိ ကြောင်းသိရသည်။
Dec 17,2021
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်သည် ပခုက္ကူခရိုင် စီမံအုပ်ချုပ်‌ရေး အဖွဲ့ဥက္ကဋ္ဌ ဦးစန်းလှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမိုးကျော်သူနှင့် အဖွဲ့ဝင်များလိုက်ပါပြီး ပခုက္ကူမြို့နယ်အတွင်းရှိ စက်ရုံ၊အလုပ်ရုံ လုပ်ငန်းများ ပုံမှန်လည်ပတ်ဆောင်ရွက်နိုင်မှု အခြေအနေများကို ယနေ့ နံနက်ပိုင်းက ကွင်းဆင်း ကြည့်ရှု စစ်ဆေးကြသည်။