မြို့သစ်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ပုံပြင်ပြောပြိုင်ပွဲနှင့်ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ

မြို့သစ်      ဒီဇင်ဘာ   ၁၇

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အ ခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍  ယမန်နေ့နံနက်ပိုင်းက  မြို့နယ်ပြည်သူ့ စာကြည့်တိုက်လူထုအခြေပြုဗဟိုဌာနတွင်   (၇၄)နှစ်မြောက်   လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို  ပုံပြင်ပြောပြိုင် ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။

(၇၄)နှစ်မြောက်   လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ပုံပြင်ပြောပြိုင်ပွဲနှင့် ဆေးရောင် ခြယ်ပြိုင်ပွဲတွင်  အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ   မူလတန်း အဆင့် ကျောင်းသား၊ ကျောင်းသူ (၂၆)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ပုံပြင်ပြောပြိုင်ပွဲတွင် “တို့ပတ်ဝန်းကျင် ချစ်ခင်ကြပါစို့” ပုံပြင်ဖြင့်ကျောင်းသား၊ ကျောင်းသူ(၁၁)ဦး၊  ဆေးရောင် ခြယ်ပြိုင်ပွဲတွင် (၂၆)ဦးဝင်ရောက် ယှဉ်ပြိုင်ကြကာ  ပြိုင်ပွဲတွင် ဆုရရှိသူများအား မြို့နယ်ပြန်ကြားရေး နှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ် ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူအသင်း (Book Club)အဖွဲ့ဝင်များမှဆုများ အသီးသီးချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဝင်းအိဇွန် (ပြန်/ဆက်)