မအူပင်၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို စာဖတ်စွမ်းရည် ပြိုင်ပွဲ ကျင်းပ

မအူပင် ဒီဇင်ဘာ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ Community Centre ခန်းမတွင် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို စာဖတ် စွမ်းရည်ပြိုင်ပွဲကို ယနေ့ မွန်းလွဲ ၁ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ပြိုင်ပွဲမစတင်မီ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မအူပင်ခရိုင် တာဝန်ခံ ဒေါ်တင်သူဇာလှိုင်က ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်လူရွယ်များ အသိပညာ တိုးပွားလာစေရန်၊ ထူးချွန်ထက်မြတ်သည့် လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ကာယဉာဏ စွမ်းရည်ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခြင်း ဖြစ်ကြောင်းနှင့် အမှတ်ပေး စည်းမျဉ်း များအား ရှင်းလင်းပြောကြားခဲ့သည်။

စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် အမှတ်(၂)အခြေခံပညာ အထက်တန်းကြောင်းမှ မူလတန်း ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆု ရရှိသူများအား တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

မအူပင်(ပြန်/ဆက်)