အမြို့မြို့အနယ်နယ်သတင်းများ

Oct 10,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် ရွှေဘုန်းပွင့်စေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူး၍ ၁၃၈၄ ခုနှစ်၊ အဘိဓမ္မာအခါတော်နေ့ အခမ်းအနား၊ မဟာပဝါရဏာ အခမ်းအနား၊ ဝါတွင်းသီလခံယူပွဲနှင့် ဗုဒ္ဓပူဇနိယပွဲတော်များ အောင်ပွဲရေစက်ချ အခမ်းအနားကို ရွှေဘုန်းပွင့်ဘုရားဝင်းအတွင်းရှိ သာသနဇောတိကဓမ္မာရုံ၌ ယမန်နေ့ နံနက်ပိုင်းမှ စတင် ကျင်းပခဲ့သည်။
Oct 10,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ယမန်နေ့လယ်ပိုင်းက စတုဒိသာများကျွေးမွေးလှူဒါန်းခြင်းဖြင့် သီးတင်းကျွတ်လပြည့်နေ့ကို စည်ကားပျော်ရွင်စွာ ဆင်နွှဲခဲ့ကြောင်း သိရသည်။
Oct 10,2022
မွန်ပြည်နယ်၊ သထုံမြို့ရှိ သမိုင်းဝင် လေးဆူဓာတ်စံ ရွှေစာရံစေတီတော်မြတ်ကြီးတွင် သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့)၌ ကုသိုလ်ဒါန ပြုသူများ၊ အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးပြည်သူများတို့ဖြင့် စည်ကား များပြားလျက်ရှိကြောင်း သိရသည်။
Oct 10,2022
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့တွင် သီတင်းကျွတ်ကာလ၌  နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ရှင်ဥပဂုတ္တမထေရ်မြတ်ကြီးပူဇော်ပွဲကို ကျိုက္ကော်ရပ်ကွက် ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းမကြီးဘေးရှိ ကန်တော်မင်္ဂလာ၌ အစဉ်အလာမပျက် စည်ကားစွာ ကျင်းပလျှက်ရှိကြောင်း သိရသည်။
Oct 10,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး (၁၁ / ရေငယ်) ရှိ  ဓမ္မရတီကုန်းမြေပေါ်တွင်တည်ထားကိုးကွယ်လျက်ရှိသော မဟာအံ့ထူးကံသာဆုတောင်းပြည့်ဘုရားကြီးအား ၁၃၈၄ ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့ ( အဘိဓမ္မာနေ့ ) နံနက်ပိုင်းမှ စတင်ပြီး ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ လာရောက်ဖူးမျှော်ကြည်ညိုနေကြသည်မှာ စည်ကားများပြားလျက်ရှိသည်။  
Oct 10,2022
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့စီစဉ်မှုဖြင့် မြို့နယ်အတွင်းပြည်သူများအတွက် အခြေခံစားသောက်ပစ္စည်းများကို ရပ်ကွက်နေပြည်သူများအား ဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရန် (၃၆)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့တွင်  ယမန်နေ့နံနက်(၈)နာရီတွင် ဒုတိယအကြိမ် ဆက်လက်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။ 
Oct 09,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့တွင် သီတင်းကျွတ်လပြည့်၊ အဘိဓမ္မာနေ့၊ မဟာပဝါရဏာ အခမ်းအနားကို ယနေ့မွန်းတည့် ၁၂ နာရီက ကျွန်းလှမြို့၊ မြို့မရုံးဦးကျောင်းတိုက်၊ လေးကျွန်းမာရ်အောင် ဗုဒ္ဓဝိဟာရ ဗိမာန်တော်၌ ကျင်းပကြောင်း သိရသည်။
Oct 09,2022
ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူး၍ ၁၃၈၄ ခုနှစ်၊ အဘိဓမ္မာအခါတော်နေ့အခမ်းအနား၊ ဝါတွင်းသီလခံယူပွဲနှင့် ဗုဒ္ဓပူဇနိယပွဲတော်များ အောင်ပွဲရေစက်ချ အခမ်းအနားကို ရင်ပြင်တော်တောင်ဘက် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း၌ ယနေ့နံနက်ပိုင်းက ကျင်းပသည်။