အမြို့မြို့အနယ်နယ်သတင်းများ

Oct 10,2022
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၌ ပြည်လုံးချမ်းသာဗုဒ္ဓရုပ်ပွားမြတ်ကြီးနှင့် ရှင်သီဝလိရဟန္တာမြတ်တို့ မြို့ပေါ်ရပ်ကွက်များသို့ ဒေသစာရီကြွချီအပူဇော်ခံယူပွဲတော်ကို (သီတင်းကျွတ်လပြည့်နေ့) ယမန်နေ့၊ နံနက်(၁၀)နာရီအချိန်မှ စတင်၍ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Oct 10,2022
ဧရာဝတီတိုင်း​ဒေသကြီး၊  ပုသိမ်ခရိုင်၊ ငပု​တောမြို့နယ်တွင် မြို့နှင့်အနီးဝန်းကျင်ရှိ ကျောင်းတိုက် (၁၉) ကျောင်းမှ  ဂိုဏ်ပေါင်းစုံ ဆရာတော်၊ သံဃာတော်အပါး (၈၆) ပါးတို့အား သံဃာဒါနမဟာပဝါရဏာ သိမ်ဆင်းလောင်းလှူပွဲကို  ငပု​တောမြို့၊ ​တောင်ပိုင်းရပ်ကွက်၊ သိမ်​တော်ကြီးလမ်းရှိ ရှင်ဆပဒရဟန္တာသိမ်​တော်မြတ်ကြီးတွင် ယမန်နေ့မွန်းလွဲ(၂)နာရီအချိန်က  စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
Oct 10,2022
ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့ ဝါကျွတ်ပွဲတော်ကို ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူပြည်သူများအနေဖြင့် ဘုရားစေတီများ၊ ကျောင်းများတွင် အေးချမ်းစွာကုသိုလ်ဒါနပြုလျက်ရှိကြောင်း သိရသည်။
Oct 10,2022
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၌ မြို့လုံးကျွတ် သံဃပဝါရဏာပွဲနှင့် ဆွမ်းဆန် စိမ်းလောင်း လှူပွဲကို ယမန်နေ့ သီတင်းကျွတ်လပြည့်နေ့ မွန်းလွဲ ၃ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
Oct 10,2022
ယမန်နေ့၊ သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်ရှိ မဟာမုနိဘုရားကြီးသို့ ရပ်နီးရပ်ဝေးမှ ဘုရားဖူးပြည်သူများ လာရောက်ဖူးမြော်ခဲ့ကြပြီး ဘုရားကြီးအား ပန်း၊ ရေချမ်း၊ ရွှေသင်္ကန်းများ ဆက်ကပ် လှူဒါန်းခြင်း၊ ငါးစာကျွေးခြင်း၊ ငါးလွှတ်ခြင်း စသည့် ကုသိုလ်ကောင်းမှုများကိုလည်း ပြုလုပ်ခဲ့ကြသည်။
Oct 10,2022
သီတင်းကျွတ်လပြည့်နေသည် မြန်မာလူမျိုးများ၏ နှစ်စဉ်ကျင်းပလေ့ရှိသော ရိုးရာပွဲတော်များအနက် အထူးစည်ကားသည့် နေ့တစ်နေ့ဖြစ်သည့်အားလျော်စွာ ထူးခြားသည့် နေ့ထူးနေ့မြတ်လဲဖြစ်ရာ နှစ်စဉ် ချောင်းဆုံမြို့နယ် မုရစ်ကြီးကျေးရွာတွင် သီတင်းကျွတ် လပြည့်နေ့ရောက်တိုင်း ကျင်းပပြုလုပ်သည့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် ပဒေသာပင်လှည့်လည်ပွဲများကို အထူးစည်ကားစွာကျင်းပခဲ့သည်။
Oct 10,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် ရွှေဘုန်းပွင့်စေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူး၍ ၁၃၈၄ ခုနှစ်၊ အဘိဓမ္မာအခါတော်နေ့ အခမ်းအနား၊ မဟာပဝါရဏာ အခမ်းအနား၊ ဝါတွင်းသီလခံယူပွဲနှင့် ဗုဒ္ဓပူဇနိယပွဲတော်များ အောင်ပွဲရေစက်ချ အခမ်းအနားကို ရွှေဘုန်းပွင့်ဘုရားဝင်းအတွင်းရှိ သာသနဇောတိကဓမ္မာရုံ၌ ယမန်နေ့ နံနက်ပိုင်းမှ စတင် ကျင်းပခဲ့သည်။