အမြို့မြို့အနယ်နယ်သတင်းများ

Oct 10,2022
မွန်ပြည်နယ် မုဒုံမြို့နယ်ရှိ ဘုရားစေတီများတွင် သီတင်းကျွတ်ပွဲတော်ကာလ လပြည့်နေ့ည (အဘိဓမ္မာအခါတော်နေ့)၌ ဘုရားဖူးလာရောက်ကြသည့် ပြည်သူများ ဘုရားဖူးကုသိုလ်ကောင်းမှု ပြုလုပ်သူများဖြင့် စည်ကားလျက်ရှိသည်။
Oct 10,2022
ရခိုင်ပြည်နယ် မောင်တောမြို့၌ ရခိုင်ရိုးရာ အစဉ်အလာအတိုင်း ဆွမ်းဆန်တော်လောင်းလှူခြင်းကို ယမန်နေ့နေ့လယ် ၂ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ရာ နယ်မြေခံစစ်ဆင်ရေး ကွပ်ကဲရေးမှူး၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများက တက်ရောက် ဆွမ်းဆန်တော်များ လောင်းလှူကြသည်။
Oct 10,2022
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့တွင်  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူး၍ ယနေ့ညနေ့ ၆ နာရီအချိန်က မြို့ဦးရွှေစည်းခုံစေတီတော်ကြီးတွင် သီတင်းကျွတ်လပြည့်နေ့ ဆီမီးတစ်ထောင် ထွန်းညှိပူဇော်ခဲ့ကြသည်။
Oct 10,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)မိုင်းရှူးမြို့နယ်တွင် မြို့လုံးကျွတ်ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယနေ့ နံနက်(၈)နာရီက စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
Oct 10,2022
သီတင်းကျွတ်လပြည့်နေ့ အဘိဓမ္မာအခါတော်နေ့ နေ့ထူးနေ့မြတ်တွင် မိုးကုတ်မြို့နယ်ရှိ ဘုရားများတွင် ယမန်နေ့ညနေ (၆) အချိန်မှစ၍ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိပြီး  ပန်း၊ ဆီမီးများ ပူဇော်ထွန်းညှိကာ ကုသိုလ်ကောင်းမှုများ ပြုလုပ်ကြကြောင်းသိရှိရသည်။
Oct 10,2022
သီတင်းကျွတ်လပြည့်နေ့ ရုံးပိတ်ရက်၊ အလုပ်ပိတ်ရက်တွင် စစ်တွေမြို့ ပွိုင့်ကမ်းခြေနှင့် ဟိုတယ် ကမ်းခြေတို့တွင် အပန်းဖြေ အနားယူသူများဖြင့် စည်ကားများနေသည်ကို တွေ့ရသည်။
Oct 10,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင် ၊ ကာလိမြို့တွင် သီတင်းကျွတ်လပြည့်ကျော် (၁) ရက်နေ့ မြို့လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ပြည်ထောင်စုလမ်း ကာလိလမ်းပိုင်း မြို့တွင်း လမ်းတလျှောက်၌ ယနေ့နံနက် (၆) နာရီအချိန်က စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ သည်။
Oct 10,2022
ရခိုင်ပြည်နယ် မာန်အောင်မြို့ မဟာဓမ္မိကာရုံကျောင်းတိုက်၌ သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့တွင်(ပထမ)အကြိမ်မြောက် အဘိဓမ္မာတရားတော် ရွတ်ဖတ်ပူဇော်ပွဲကို ယမန်နေ့ နေ့လယ်က အဆိုပါကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။