အမြို့မြို့အနယ်နယ်သတင်းများ

Oct 10,2022
၁၃၈၄ခု၊ သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာနေ့) တွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ညောင်ဝိုင်းကျေးရွာရှိ ကိုး‌တောင်ပြည့်ဘုရား၌ ကျေးရွာနေပြည်သူများ၊ အလှူရှင်များစုပေါင်း၍ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဒေသစာရီလှည့်လည်အပူဇော်ခံခြင်း၊ မီးထွန်းပွဲနှင့် စတုဒိသာကျွေးမွေးလှူဒါန်းခြင်းများကို ယမန်နေ့က ပြုလုပ်ခဲ့သည်။
Oct 10,2022
ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့၏ နေ့ထူးနေ့မြတ်ဖြစ်သည့် သီတင်းကျွတ်လပြည့်နေ့တွင် ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်အတွင်းရှိ ဘုရားစေတီပုထိုးများတွင်  ဥပုသ်သီတင်းသီလ ဆောက်တည်ကြသူများ၊ ဆွမ်း၊ ပန်း၊ ရေချမ်း၊ သစ်သီး၊ ဆီမီး၊ အမွှေးနံ့သာများ ဆက်ကပ်လှူဒါန်း၍ ကုသိုလ်ကောင်းမှုပြုသူများ၊ တရားဘာဝနာပွားများ ကျင့်ကြံ အားထုတ်သူများဖြင့် အထူးပင် စည်ကားလျက်ရှိကြောင်း သိရသည်။
Oct 10,2022
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၌ ပြည်လုံးချမ်းသာဗုဒ္ဓရုပ်ပွားမြတ်ကြီးနှင့် ရှင်သီဝလိရဟန္တာမြတ်တို့ မြို့ပေါ်ရပ်ကွက်များသို့ ဒေသစာရီကြွချီအပူဇော်ခံယူပွဲတော်ကို (သီတင်းကျွတ်လပြည့်နေ့) ယမန်နေ့၊ နံနက်(၁၀)နာရီအချိန်မှ စတင်၍ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Oct 10,2022
ဧရာဝတီတိုင်း​ဒေသကြီး၊  ပုသိမ်ခရိုင်၊ ငပု​တောမြို့နယ်တွင် မြို့နှင့်အနီးဝန်းကျင်ရှိ ကျောင်းတိုက် (၁၉) ကျောင်းမှ  ဂိုဏ်ပေါင်းစုံ ဆရာတော်၊ သံဃာတော်အပါး (၈၆) ပါးတို့အား သံဃာဒါနမဟာပဝါရဏာ သိမ်ဆင်းလောင်းလှူပွဲကို  ငပု​တောမြို့၊ ​တောင်ပိုင်းရပ်ကွက်၊ သိမ်​တော်ကြီးလမ်းရှိ ရှင်ဆပဒရဟန္တာသိမ်​တော်မြတ်ကြီးတွင် ယမန်နေ့မွန်းလွဲ(၂)နာရီအချိန်က  စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
Oct 10,2022
ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့ ဝါကျွတ်ပွဲတော်ကို ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူပြည်သူများအနေဖြင့် ဘုရားစေတီများ၊ ကျောင်းများတွင် အေးချမ်းစွာကုသိုလ်ဒါနပြုလျက်ရှိကြောင်း သိရသည်။
Oct 10,2022
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၌ မြို့လုံးကျွတ် သံဃပဝါရဏာပွဲနှင့် ဆွမ်းဆန် စိမ်းလောင်း လှူပွဲကို ယမန်နေ့ သီတင်းကျွတ်လပြည့်နေ့ မွန်းလွဲ ၃ နာရီက ကျင်းပပြုလုပ်ခဲ့သည်။