Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
အမာမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး မိုဘိုင်းစနစ်ဖြင့် ရပ်ကွက်များအတွင်း စာအုပ်စာစောင်များ လိုက်လံငှားရမ်းပေး
Oct 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြည်သူ များ စာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေမှရရှိသော ဗဟုသုတများ တိုးပွားစေရေး၊ အလုပ်တာဝန်များကြောင့် မအားမလပ်ဖြစ်၍ စာကြည့်တိုက်သို့ စာအုပ်၊ စာစောင်များ လာရောက်မငှားရမ်းနိုင်သော စာဖတ်သူများ အား ရပ်ကွက်များအတွင်း အိမ်တိုင်ရာရောက် မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များ လိုက်လံငှားရမ်း ပေးခြင်းကို ယနေ့ နံနက်(၁၁)နာရီက မြို့မ(၃)ရပ်ကွက်သို့ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဆွမ်ပရာဘွမ်မြို့ လူထုအခြေပြုဗဟိုဌာန၌ စိတ်ကြိုက်ပန်းချီဆွဲပြိုင်ပွဲနှင့် စာအုပ်စာစောင်ခင်းကျင်းပြသ
Oct 12,2022
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းသား၊ ကျောင်းသူများနှင့် ပူးပေါင်းကာ ယနေ့ နံနက် ၁၀ နာရီချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြုဗဟိုဌာန၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ကြည့်မြင်တိုင်မြို့နယ်တွင် ပြည်သူများအား ဈေးနှုန်းချိုသာစွာဖြင့် အခြေခံစားသောက်ကုန်များ ဆက်လက်ရောင်းချပေး
Oct 12,2022
ပြည်သူများအနေဖြင့် နေ့စဉ်လူမှုဘဝ စားသောက်ရေးတွင် အထောက်အကူဖြစ်စေရန်နှင့် အခြေခံစားသောက်ကုန်များကို စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန်အတွက် ရည်ရွယ်ကာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယန်းမြို့နယ်၌ အမှတ်(၃)နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲမှ ဒေသခံတိုင်းရင်းသား ပြည်သူများအား လာရောက်ဖျော်ဖြေ
Oct 12,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်၌ အမှတ်(၃)နယ်လှည့် ပြည်သူ့ဆက်ဆံရေးတပ်ခွဲမှ ဒေသခံတိုင်းရင်းသားပြည်သူများအား လာရောက်ဖျော်ဖြေပွဲကို အောက်တိုဘာ ၁၁ ရက် ည ၈ နာရီခန့်မှ စတင်၍ မြို့မအားကစားဘောလုံးကွင်းအတွင်းတွင် ကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့ပန်းခွာကျေးရွာတွင် ပဲတီစိမ်းသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း
Oct 12,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ပဲမျိုးစုံစိုက်ပျိုးထားရှိရာ ပန်းခွာကျေးရွာတွင် စိုက်ပျိုးထားသော ပဲတီစိမ်းသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်းနှင့် ပဲတီ(၁)တင်း တစ်တင်း ငွေကျပ်(၅၉၃၀၀)ကျပ် ရောင်းချရသဖြင့် ပဲတီစိမ်းစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တာမွေမြို့နယ်အတွင်းရှိ စျေးများတွင် ပါးစပ်/နှာခေါင်းစည်း တပ်ဆင်ရေး အသိပညာပေးလှုပ်ရှားမှုများ အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်
Oct 12,2022
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်စေရေးနှင့် ရောဂါကွင်းဆင်း ပြတ်တောက်စေရေးအတွက် ယနေ့ နံနက်ပိုင်းအချိန်က ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (စျေးများနှင့်ကုန်စည်ပွဲရုံများဌာန)၏ စီစဉ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့သည် တာမွေမြို့နယ်အတွင်းရှိ လူစည်ကားရာစျေးများ၌ ပါးစပ်/နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်း၊ မျိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိပြီး ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအား ဆက်လက်လိုက်နာနိုင်ကြစေရေးအတွက် အသိပညာပေး ခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မိတ္ထီလာမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၏ ထိန်းသိမ်းမှုအောက်ရှိ မိတ္ထီလာကန်နှင့် အခြားအစိုးရထိန်း ဆည်ကန်တမံများ ရေပြည့်မှ…
Oct 12,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၏ ထိန်းသိမ်းမှုအောက်ရှိ မိတ္ထီလာကန်နှင့် အခြားအစိုးရထိန်း ဆည်ကန်တမံများ အောက်တိုဘာလ ၁၂ နေ့ထုတ်ပြန်ချက်အရ ရေပြည့်မှတ်အထက် ကျော်လွန်ရောက်နေသဖြင့် ရေကူလျှော့ချခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ငါ့သရောက်မြို့တွင် ပပြားဆည်ကိုအမှီပြုပြီး စိုက်ပျိုးထားရှိသည့် စပါးစိုက်ခင်းများ အထူးကောင်းမွန်
Oct 12,2022
မန္တလေးတိုင်းဒေသကြီး၊ ငါ့သရောက်မြို့၊ အမှတ် (၂) ပျဉ်ပင်ရပ်ကွက်ရှိ တောင်သူများမှ ပပြားဆည်ရေကိုအမှီပြုပြီး စိုက်ပျိုးထားသော စပါးစိုက်ခင်းများမှာ အထူးကောင်းမွန်လျက် ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
18403
Page
18404
Page
18405
Page
18406
Current page
18407
Page
18408
Page
18409
Page
18410
Page
18411
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department